Alita: Battle Angel sequel အတွက် ဆွေးနွေးညှိနှိုင်းမှုရလဒ်ကောင်းနေ
ဧပြီ ၂၈၊ ၂၀၂၃။
◼ ၂၀၁၉ က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင် Alita: Battle Angel ဟာ နောက်ထပ် sequel ထွက်ရှိသွားမယ့်အကြောင်း ပြီးခဲ့တဲ့ ၂၀၂၂ မှာ အနည်းငယ်ဖော်ညွှန်းခဲ့ပါတယ်။
◼ ယခုအခါမှာ Avatar, Avatar: The Way of Water နဲ့ Alita: Battle Angel တို့ရဲ့ ထုတ်လုပ်သူ Jon Landu ကတော့ Alita: Battle Angel sequel အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိနေကြောင်း ပြောပြလာပါတယ်။
◼ Alita: Battle Angel sequel ကို Avatar: The Way of Water ကနေ ပညာယူလေ့လာကာဖန်တီးသွားမှာဖြစ်ကြောင်း၊ sequel အတွက် ယခင် Alita: Battle Angel ဒါရိုက်တာ Robert Rodriguez နဲ့ သရုပ်ဆောင် Rosa Salazar တို့နဲ့ဆွေးနွေးမှုအခြေအနေဟာ ရလဒ်ကောင်းမွန်နေကြောင်း Jon Landu က ScreenRant ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးတစ်ခုမှာ အတည်ပြုပေးခဲ့တာပါ။
◼ ဒါ့အပြင် Alita: Battle Angel သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Christopher Waltz ဟာလည်း Alita: Battle Angel sequel ရဲ့ ဇာတ်လမ်းမှာ ၎င်းအတွက်စိတ်ဝင်စားစရာများပါဝင်ခဲ့မယ်ဆိုရင် အချိန်မရွေးပါဝင်သရုပ်ဆောင်ပေးနိုင်ကြောင်းလည်း ScreenRant နဲ့ အင်တာဗျူးတစ်ခုမှာ မှတ်ချက်ပေးခဲ့ပါသေးတယ်။
◼ Alita: Battle Angel ဟာ ဂျပန် mange တစ်ခုဖြစ်တဲ့ Gunnm ခေါ် Battle Angel Alita ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
Ref: ComicBook
McGarrett ရေးသည်။
0 Comments