Superman: Legacy ကို ဟာသကားမလုပ်ပါဘူးလို့ ဒါရိုက်တာ James Gunn ကတိပေး
ဧပြီ ၂၆၊ ၂၀၂၃။
◼ Warner Bros. လက်အောက်ခံ DC Studio ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ James Gunn ကတော့ သူကိုယ်တိုင်ရေးသားပြီး သူကိုယ်တိုင်ဒါရိုက်တာနေရာကနေရိုက်ကူးမယ့် DC ရုပ်ရှင် Superman: Legacy ကို ဟာသကားတွေလို မလုပ်ပါဘူးလို့ ပြောလာပါတယ်။
◼ Guardians of the Galaxy နဲ့ Peacemaker တို့လို လူမသိတဲ့ Character တွေကို ကိုင်တယ်ခွင့်ရတာက သူ့အတွက် အရမ်းကြီးမခက်ခဲသလို စိတ်ကြိုက်လည်း ပုံဖော်လို့ရနိုင်ကြောင်း၊ ဒါပေမယ့် Superman လို ကမ္ဘာကရော လူတိုင်းကပါ သိနေတဲ့ Character ကို ကိုင်တွယ်ရတာက အရမ်းကို ခက်ခဲတဲ့အပြင် အခု Superman က အရင် Superman ရုပ်ရှင်တွေနဲ့ မတူပဲ ကွဲပြားနေမယ့် Superman ကို ပိတ်ကားပေါ်မှာ အားလုံးကို ချပြချင်ကြောင်း James Gunn က The Hollywood Reporter နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြလာတာပါ။
◼ အဲဒါကြောင့် Superman: Legacy ဟာ ဟာသကား ဖြစ်မှာမဟုတ်ပဲ တော်တော်လေးကို ကြမ်းမယ့် Superman တစ်ကားဖြစ်လာမယ်လို့ မျှော်လင့်လို့ရပါတယ်။
◼ Superman: Legacy နဲ့ ပတ်သက်ပြီး James Gunn က “ကျွန်တော် Superman ရုပ်ရှင်ကို ဖန်တီးဖို့ GOTG ကနေ အများကြီး သင်ယူခဲ့ပါတယ်။ ဒါပေမယ့် GOTG လိုမျိုးတော့ ကျွန်တော် Superman ရုပ်ရှင်ကို ပေါ့ပေါ့ပါးပါး လုပ်ပစ်မှာမဟုတ်ဘူး” လို့လည်း ပြောထားပါတယ်။
◼ ဒါ့အပြင် Superman: Legacy ဇာတ်လမ်းကို Last Son of Krypton ပုံစံမျိုး ရိုက်ကူးမှာမဟုတ်ကြောင်း၊ Superman: Legacy ဟာ DCEU ရဲ့ Superman နဲ့ မတူညီပဲ ကွဲပြားမှုတွေရှိမှာဖြစ်ပြီး အသစ်တည်ဆောက်လိုက်တဲ့ DCU ရဲ့ Superman ဟာ အသက်ငယ်တဲ့အပြင် Batman ထက် နှစ်နှစ်ငယ်တယ်ကြောင်း သိရပါတယ်။ သို့ပေမယ့် Superman နေရာမှာ ဘယ်သူသရုပ်ဆောင်မလဲဆိုတာကိုတော့မသိရသေးပါဘူး။
◼ Superman: Legacy ဟာ Superman တစ်ယောက် လူသားတွေ ကြားမှာနေထိုင်ရင်း Kryptonian အမွေအနှစ်ကိုထိန်းသိမ်းရင်းကြုံတွေ့ရမယ့်အခက်အခဲတွေကိုဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး ဇူလိုင် ၁၁၊ ၂၀၂၅ မှာ ရုံတင်ပြသမှာပါ။
◼ Superman: Legacy က ဘယ်လိုတွေဖြစ်လာမလဲ၊ DC ရဲ့ နတ်ကြီးတဲ့ဇာတ်ကောင်တစ်ခုကို James Gunn တစ်ယောက် ဘယ်လိုတွေ ကိုင်တွယ်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
Ref: THR
John Snow ရေးသည်။
0 Comments