နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိဦးမယ့် Sony ရဲ့ The Pope's Exorcist ရုပ်ရှင်
ဧပြီ ၂၇၊ ၂၀၂၃။
◼ ဒါရိုက်တာ Julius Avery ရိုက်ကူးထားပြီး အော်စကာဆုရသရုပ်ဆောင် Russell Crowe ပါဝင်ထားတဲ့ horror ရုပ်ရှင် The Pope's Exorcist ဟာ လက်ရှိမှာကမ္ဘာ့နိုင်ငံအများစုမှာရုံတင်ပြသလျက်ရှိပြီး ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၅၂ သန်းကျော်အထိ ရရှိထားပါတယ်။
◼ The Pope's Exorcist ဟာ အီတာလျံကတ်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဖာသာ Gabriel Amroth ရေးသားထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်စာအုပ်တွေဖြစ်တဲ့ ၁၉၉၀ ထုတ် An Exorcist Tells His Story နဲ့ ၁၉၉၂ ထုတ် An Exorcist: More Stories တို့ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Russell Crowe က ဖာသာ Gabriel Armoth အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဖာသာ Gabriel Armoth ဟာ နတ်ဆိုးပူးကပ်မှုပေါင်း တစ်သိန်းကျော်ခန့်ကို အစွဲနှင်နိုင်ခဲ့တဲ့ ဖာသာတစ်ပါးလည်းဖြစ်ပါတယ်။
◼ ဝမ်းသာစရာသတင်းတစ်ခုကတော့ The Pope's Exorcist ဟာ နောက်ထပ် sequel ရုပ်ရှင်တစ်ကားထပ်မံထွက်ရှိလာနိုင်တာပါပဲ။ The Pope's Exorcist sequel အတွက် ကနဦးအဆင့်ဇာတ်လမ်းပြင်ဆင်တည်ဆောက်မှုတွေရှိနေကြောင်း Bloody Disgusting ဝက်ဘ်ဆိုက်နဲ့ Empire မဂ္ဂဇင်းတို့ရဲ့သတင်းများအရသိရပါတယ်။ The Pope's Exorcist 2 နဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့်လည်း Russell Crowe ကို ပြန်လည်ပါဝင်စေဖို့အတွက်မျှော်လင့်နေကြကြောင်း အဆိုပါသတင်းများအရသိရပါတယ်။
◼ The Pope's Exorcist 2 နဲ့ ပတ်သက်ပြီး Sony နဲ့ Russell Crowe တို့ဘက်က တရားဝင်အတည်ပြုထားခြင်းတော့မရှိသေးပါဘူး။
◼ လက်ရှိမှာ The Pope's Exorcist ဟာ ရုံတင်ပြသဆဲအနေအထားမှာရှိနေပြီး ဒစ်ဂျစ်တယ်အကြည်မထွက်လာသေးပါဘူး။
Ref: Bloody Disgusting
McGarrett ရေးသည်။
0 Comments