Season 4 မှာတင် အဆုံးသတ်မှာ မဟုတ်တဲ့ Amazon Prime Video ရဲ့ The Boys ဇာတ်လမ်းတွဲ
The Boys | ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
◼ Amazon Prime Video ရဲ့ superhero parody ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Boys ဟာ Season 3 အထိ ထွက်ရှိထားသလို spin-off ဇာတ်လမ်းတွဲ Gen V ဟာလည်း ထွက်ရှိလာမှာဖြစ်ပါတယ်။
◼ The Boys Season 4 ကို မျှော်ကြတဲ့ ပရိသတ်တွေအတွက် The Boys ရဲ့ Showrunner တစ်ဦးဖြစ်တဲ့ Eric Kripe က The Boys ဟာ Season 4 နဲ့တင် အဆုံးသတ်မှာမဟုတ်ပဲ Season 5 ပါ ထွက်ရှိဦးမယ်လို့ သတင်းကောင်း ပါးလိုက်ပါတယ်။
◼ Episode တစ်ခုပြီးတိုင်း၊ Season တစ်ခုပြီးတိုင်း ဇာတ်ရှိန် တက်သည်ထက် တက်လာတဲ့ The Boys ဟာ Season 3 ကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တဲ့အပြင် Season 4 နဲ့တင် အဆုံးသတ်သွားမှာမဟုတ်ပဲ အခုလို Season 5 ပါ ထွက်ရှိဦးမယ်လို့ သတင်းထွက်လာတာပါ။
◼ ဒီသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာက The Boys ပရိသတ်တွေကြားမှာ ကြိုဆိုနေကြသလို တစ်ဖက်မှာလည်း ဇာတ်လမ်း လျော့ရဲ့သွားနိုင်တယ်ဆိုပြီး ဝေဖန်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။
◼ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း The Boys ရဲ့ VFX Supervisor တစ်ဦးဖြစ်သူက The Boys Season 4 မှာ သွေးသံရဲရဲ မြင်ကွင်းတွေ ပိုမိုပါဝင်လာမယ်လို့ ပြောထားပြန်ပါသေးတယ်။
◼ စူပါဟီးရိုးရုပ်ရှင်လည်းဖြစ်ရမယ်၊ သွေးသံရဲရဲ တွေလည်းပါရမယ် ဇာတ်လမ်းဇာတ်ကွက်လည်း ကောင်းရမယ်လို့ ဆိုတဲ့သူတွေအတွက် ယခုချိန်မှာ Amazon Prime က ထုတ်လွှင့်တဲ့ The Boys က အကြည့်သင့်ဆုံး Series တစ်ခုပါပဲ။
Ref: ScreenRant
Loki ရေးသည်။
0 Comments