Porpular

6/recent/ticker-posts

DC ရုပ်ရှင် The Flash trailer သစ်မှာ ဘာတွေကိုသတိထားမိလဲ (Trailer Breakdown)

DC ရုပ်ရှင် The Flash trailer သစ်မှာ ဘာတွေကိုသတိထားမိလဲ

DC အတွေးအမြင် | ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
◼ ဒီကနေ့နံနက်ပိုင်းမှာ ၂၀၂၃ မှာပြသမယ့် DC ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ The Flash ရုပ်ရှင်သစ်အတွက် သုံးမိနစ်နီးပါးကြာချိန်ရှိတဲ့ trailer သစ်တစ်ခုထွက်လာပါတယ်။ YouTube ရဲ့ trend 100 စာရင်းမှာ The Flash trailer ဟာ အဆင့် ၂၆ မှာ ရှိနေပါတယ်။ The Flash ရုပ်ရှင်ဟာ Multiverse ပုံစံမျိုးဖြစ်ပြီး Batman နှစ်ယောက်နဲ့ Supergirl ကိုပါတွေ့ရမှာပါ။ 
◼ The Flash ရုပ်ရှင်ကို It ဒါရိုက်တာ Andy Muschietti က ရိုက်ကူးပေးထားတာဖြစ်ပြီး သရုပ်ဆောင် Ezra Miller က The Flash ခေါ် Barry Allen အဖြစ် ပါဝင်ထားပါတယ်။ Ben Affleck နဲ့ Michael Keaton တို့ကို Batman တွေအဖြစ်၊ Sasha Calle ကို Supergirl အဖြစ် တွေ့ရမှာပါ။ 
◼ အသစ်ထွက်ရှိထားတဲ့ The Flash ရုပ်ရှင်ရဲ့ trailer မှာ ဘာတွေကိုသတိထားမိလဲ၊ ဘာတွေပါလာပြီလဲ ဆိုတာကို Myanmar Varient Entertainment က အနည်းငယ်ဆွေးနွေးလေ့လာထားပါတယ်။
◼ အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာဖတ်ရှုလို့ရပါတယ်။
John Snow ရေးသည်။


The Flash က Flashpoint Paradox လိုဖြစ်မလား?

◼ Flashpoint Paradox ကိုတော့ Animation ကြည့်ဖူးတဲ့ DC Fan တော်တော်များသိမှာပါ။ Timeline ကို ပြန်ပြီးပြင်ဖို့အတွက် Past ကိုပြန်သွားလိုက်တာ Alternative Batman နဲ့ အကြမ်းစားတွေ Joker တို့ အပါအဝင် အဖမ်းခံထားရတဲ့ Superman တို့နဲ့ ဇာတ်လမ်းတည်ထားတဲ့ Animation Movie ကောင်းတစ်ခုဖြစ်ပါတယ်။

◼ အခုလာမယ့် The Flash ကလည်း Flashpoint Paradox လို Scene တွေပါဝင်လာတဲ့အပြင် Timeline ခုန်ကူးပြီး သူ့အမေ အသက်ရှင်နိုင်အောင် လုပ်ရင်းက အနာဂတ်ကြီးပြောင်းလဲသွားတာကို မတူညီတဲ့ Universe က Flash, Batman, Supergirl တို့နဲ့ အတူ ဇာတ်အိမ်တည်သွားမှာဖြစ်ပါတယ်။


◼ Trailer ရဲ့ အစမှာတော့ The Flash တစ်ယောက် အတိတ်ကို ခုန်ကူးပြီး alternative timeline က Berry Allen ကို Multiverse ကူးပြောင်းပြီး သေဆုံးသွားတဲ့ သူတို့အမေကို ကယ်လို့ ရတယ်ဆိုကြောင်း ပြောနေခဲ့ပါတယ်။


◼ Barry Allen အချိန်တွေမခုန်ကူးခင်မှာ Batman က အချိန်ခုန်ကူးခြင်းကြောင့် အနာဂတ်မှာလည်း ပြောင်းလဲမှုတွေရှိလာမယ်လို့လည်း သတိပေးနေခဲ့ပါတယ်။

◼ Ben Affleck ကို Batman အဖြစ် နောက်ဆုံးမြင်ရတဲ့ရုပ်ရှင်ပါ။


◼ The Flash တစ်ယောက် သူ့အမေနဲ့ အရင်တုန်းက ပျော်နေတာမျိုးကို အချိန်ခုန်ကူးပြီး ပြန်ကြည့်နေတဲ့ Scene တစ်ခုလို့ မှတ်ချက်ချလို့ရပါတယ်။ အရင်ချိန်တွေကို ပြန်တွေးရင်း Flash တစ်ယောက် သူ့အိမ်ရှေ့မှာ ရပ်နေရင်း မျက်ရည်ဝဲနေမိပါတယ်။

◼ Flashpoint နဲ့ Series မှာတော့ Reverse Flash က time travel လုပ်ပြီး The Flash ရဲ့ အမေကိုသတ်ခဲ့တာပါ။ ခု ဒီရုပ်ရှင်မှာတော့ The Flash ရဲ့ အမေကို Reverse Flash က သတ်လိုက်တာဟုတ်မဟုတ် ကြည့်ဖို့လိုပါတယ်။ (ကြည့်မနေပါနဲ့၊ ကိုဂျိမ်းစ်ဂန်းက ရဘုလုပ်ထည့်လိုက်ပါပြီ)


◼ Batman နဲ့ Flash တို့ မြို့မှာ တစ်ခုခုဖြစ်လို့ အမြန်ဆုံး တားဆီးဖို့ ပြေးနေကြတဲ့ အခန်းပါ။ သေချာတာတစ်ခုက Barry တစ်ယောက် အချိန်မခုန်ကူးခင် မြို့မှာ ကြီးကြီးကျယ်ကျယ်တစ်ခုတစ်ခုဖြစ်လို့ Batman အနေနဲ့ အတိတ်ကို ပြုပြင်ခိုင်းဖို့ Barry ကို ပြေးခိုင်းပြီး အချိန်ကူးခိုင်းတယ်လို့ ထင်ရပါတယ်။


◼ The Flash တစ်ယောက် ဝတ်စုံကို Animation ထဲကလို လက်စွပ်ကနေ တစ်ဆင့် ထုတ်လို့ရနေပြီဆိုတာကို ပြထားပါတယ်။ သေချာကတော့ ဆံပင်တို The Flash က ဆံပင်ရှည် The Flash ကို ပြန်ကြွားနေတယ်လို့ ယူဆရပါတယ်။


Michael Keaton Batman ကို The Flash မှာ ပထမဆုံးအနေနဲ့အကောင်လိုက်တွေ့ရတာပါ။

◼ Alternative timeline ခုန်ကူးလာတဲ့ ဆံပင်တို The Flash တစ်ယောက်ကတော့ သူ့အရင်အိမ်ကို ပြန်သွားရာကနေ ဆံပင်ရှည် Flash ကို တွေ့ပြီး ဒီ Universe မှာလည်း Batman ရှိတယ်ဆိုလို့ Batman ကို Wayne Manor မှာသွားရှာကြပါတယ်။

◼ ဒီလိုနဲ့ Flash တို့နှစ်ယောက်လည်း ပေါင်းပြီး ဒီ Multiverse မှာလည်း Batman ရှိလောက်မယ် အထင်နဲ့ Wayne Manor ထဲမှာဟိုစပ်စု ဒီစပ်စုလုပ်ရင်းကနေ Batcave ထဲကို ရောက်လာပြီး Michael Keaton Batman တို့နဲ့ တွေ့ပါမယ်။


◼ ဝတ်စုံတွေဗျာ။


◼ Man of Steel မှာ တွေ့ခဲ့ရတဲ့ General Zod ကြီးလည်း The Flash မှာ ပြန်ရောက်လာပါပြီ။ သို့သော် Superman ကား ပါမလာချေ။


◼ General Zod ရဲ့ ကမ္ဘာကိုခရစ်ပတွန်အဖြစ်ပြောင်းလဲပစ်မယ့်အကြံအစည်ကို The Flash တို့ မဖြေရှင်းနိုင်မှန်းသလို The Flash တို့လည်း ဒီ Universe ရဲ့ အသန်မာဆုံးဆိုတဲ့ Superman ကို လိုက်ရှာရင်း Starlab မှာ Supergirl ကို ဖမ်းထားတာကို တွေ့ရမှာပါ။


◼ ဒီမှာ Supergirl ပြန်လာပြီး General Zod နဲ့ အမှန်အကန် Fight မှာဖြစ်ပြီး Fight Scene တွေကလည်း Man of Steel ထဲကလို Fresh ဖြစ်တဲ့ အရသာမျိုးကို ပေးမယ်ဆိုတာတော့ ကြည့်တာနဲ့တင် ခန့်မှန်းလို့ရမှာပါ။ (စော်လေးကို ဘယ်သူနဲ့တူတယ်လို့ထင်ကြတုံးဗျ)


◼ Batte မတိုင်ခင် (သို့) Battle ပြီးသွားတဲ့ အခန်းတစ််ခုမှာ Barry တစ်ယောက် Power Support လုပ်ဖို့ မိုးကြိုးကနေတစ်ဆင့် ပြန်ပြီး Supplie လုပ်မယ့် အခန်းလို့ယူဆနိုင်ပါတယ်။

◼ နောက်ထပ် တစ်မျိုး စဥ်းစားမိတာက ပုံကို အနီးကပ်ကြည့်သလောက် Berry ပုံတော့ သိပ်မပေါက်တဲ့ Young Superman ကို နေရဲ့ Energy ကိုစုပ်ယူပြီး အသက်သွင်းဖို့ လုပ်နေတယ်လို့လည်း ယူဆနိုင်ပါတယ်။


◼ Trailer ကို အစအဆုံး ပြန်သုံးသပ်ရရင် The Flash Movie ဟာ DC တွေအတွက် အားရစေမယ်ဆိုတာ အာမခံလို့ရတဲ့ Universe ရဲ့ အဆုံးသတ် ဇာတ်ကားလို့ဆိုရမှာပါ။

◼ Flashpoint နဲ့လည်း ပုံစံတူတယ်လို့ ပြောချင်ပေမယ့် နည်းနည်း ကွဲပြားမယ့် သဘောမှာရှိနေပါတယ်။

◼ အကြောင်းကတော့ Hero တွေကို Flashpoint ကလို ကြမ်းခိုင်းလို့လည်း မရပြန်ဘူး။ နောက်ထပ် Universe အသစ်တစ်ခုကိုလည်း အစပျိုးရဦးမယ်ဆိုတော့ Character တွေကို WB ရော Jame Gunn ကပါ လျှော့ချပစ်ဖို့ကများပေမယ့် DC Fan တွေအနေနဲ့ ကျေနပ်စေမယ့် ဇာတ်ကားမျိုးဖြစ်မှာပါ။


It ဒါရိုက်တာရဲ့ Cinematograph အယူအဆတွေအပြင် The Flash ရဲ့ trailer မှာ horror အယူအဆတွေကိုပါတွေ့နေရပါတယ်။

Batcave Or Starlab မှာ Berry တို့နှစ်ယောက် အချိန်စီးဆင်းမှုတစ်ခုကို ပြုလုပ်ပြီး တစ်စုံတစ်ကို အသက်သွင်းဖို့ လုပ်နေပါတယ်။

DC အတွေးအမြင် | ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
John Snow ရေးသည်။

Post a Comment

0 Comments