Porpular

6/recent/ticker-posts

MCU မှာ ပြန်ပါလာဖို့အစီအစဥ်မရှိသေးတဲ့ မူရင်း Jean Grey သရုပ်ဆောင် Famke Janssen



MCU မှာ ပြန်ပါလာဖို့အစီအစဥ်မရှိသေးတဲ့ မူရင်း Jean Grey သရုပ်ဆောင် Famke Janssen

မေ ၉၊ ၂၀၂၃။

◼ ၂၀၀၀ ခုနှစ်တွေကထွက်ခဲ့တဲ့ Marvel X-Men ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Hugh Jackman ရဲ့ Wolverine နဲ့ Sir Patrick Stewart ရဲ့ Professor X တို့ဟာ Marvel Cinematic Universe ထဲပါဝင်လာပြီဖြစ်တာကြောင့် သူတို့နဲ့အတူတူသရုပ်ဆောင်ခဲ့တဲ့ တခြားသရုပ်ဆောင်တွေနဲ့သူတို့ရဲ့ဇာတ်ကောင်တွေကိုလည်း MCU မှာပါဝင်လာမှာလားလို့ ပရိသတ်တွေက စတင်မေးခွန်းထုတ်လာကြပါတယ်။

◼ မကြာသေးခင်က CinePOP သတင်းဌာနနဲ့ X-Men, X2 နဲ့ X-Men The Last Stand ထဲက Jean Grey သရုပ်ဆောင် Famke Janssen တို့ရဲ့အင်တာဗျူးတစ်ခုအရ Famke Janssen ဟာ MCU မှာပါလာဖို့မရှိသေးကြောင်းပြောပြလာပါတယ်။

"Jean Grey ဇာတ်ကောင် နဲ့ The Phoenix ဇာတ်ကောင်ကို ကျွန်မတကယ်သဘောကျတယ်။
Sophie Turner ကလည်း Jean Grey အငယ်ဗားရှင်းအနေနဲ့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာ လူတိုင်းသိတယ်လေ။ ဘယ်သူပြောနိုင်မှာလဲ။ ဒီ Multiverse ကြီးမှာ လူတိုင်း အရာတိုင်းက ဖြစ်ချင်တာတွေဖြစ်သွားနိုင်တယ်လေ။ ဒါပေမဲ့ ကျွန်မအနေနဲ့ Jean Grey အဖြစ် ရုပ်ရှင်ငါးကားမှာ ငါးခါတောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ကျေးဇူးတင်နေမိပါတယ်။"

◼ Game of Thrones သရုပ်ဆောင် Sophie Turner ပါဝင်ခဲ့တဲ့ Jean Grey ဇာတ်ကောင်အကြောင်း သီးသန့်ပွဲထုတ်ထားတဲ့ 20th Century Fox (ယခု Disney ပိုင် 20th Century) ရဲ့ ၂၀၁၉ ရုပ်ရှင် Dark Phoenix ကတော့ ပြင်းပြင်းထန်ဖန်ဝေဖန်ခံခဲ့ရပါတယ်။ 

◼ Patrick Stewart ဟာ Doctor Strange in the Multiverse of Madness မှာ Professor X Variant အဖြစ် ပါဝင်ခဲ့သလို Hugh Jackman ဟာလည်း MCU ထဲကိုရောက်ရှိနေတဲ့ Deadpool 3 မှာ Wolverine အဖြစ် ပါဝင်သွားမှာပါ။ ဒါ့အပြင် MCU ဟာ ၎င်းတို့ရဲ့အနာဂတ်ပရောဂျက်တွေမှာ X-Men နဲ့ mutant ဇာတ်ကောင်တွေကိုလည်း ဆက်လက်ပွဲထုတ်ဖို့အစီအစဥ်ရှိပါသေးတယ်။

Ref: MovieWeb

ကိုခွေး ရေးသည်။ 

Post a Comment

0 Comments