Porpular

6/recent/ticker-posts

Daredevil: Born Again ရဲ့ ရိုက်ကူးရေး WGA သပိတ်ကြောင့် ခေတ္တရပ်နားထားရ



Daredevil: Born Again ရဲ့ ရိုက်ကူးရေး WGA သပိတ်ကြောင့် ခေတ္တရပ်နားထားရ

မေ ၉၊ ၂၀၂၃။

◼ အမေရိကန်နိုင်ငံမှာဖြစ်ပွားနေတဲ့ စာရေးဆရာများသပိတ်ကြောင့် MCU ရုပ်ရှင် Blade ဟာ ရိုက်ကူးရေးရပ်ဆိုင်းသွားရသလို နောက်ထပ် MCU ပရောဂျက်တစ်ခုဖြစ်တဲ့ Disney+ MCU ဇာတ်လမ်းတွဲ Daredevil: Born Again ဟာလည်း ရိုက်ကူးရေးခေတ္တရပ်ဆိုင်းသွားရပြီဖြစ်ပါတယ်။

◼ မေလ ၂ ရက်နေ့ကနေစတင်ဖြစ်ပွားနေတဲ့ အမေရိကန်က ဇာတ်ညွှန်းဆရာများသမဂ္ဂတစ်ခုဖြစ်တဲ့ Writers Guild Association (WGA) ရဲ့ အနုပညာဆိုင်ရာ ညှိနှိုင်းအသင်းတစ်ခုဖြစ်တဲ့ Alliance of Motion Picture and Television Producers (AMPTP) အပေါ် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုတွေဟာ တစ်စထက်တစ်စအရှိန်ပြင်းထန်လာနေပါတယ်။ WGA သပိတ်ဟာ WGA နဲ့ AMPTP ကြားက တင်းမာမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ အလုပ်သမားသပိတ်တစ်ခုဖြစ်ပါတယ်။

◼ Daredevil: Born Again ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့က Silvercup East မှာ ရိုက်ကူးရေးပြုလုပ်နေတာဖြစ်ပြီး WGA သပိတ်ဟာ အမေရိကန်စံတော်ချိန် မေ ၈၊ ၂၀၂၃၊ နေ့လည် ၁ နာရီမှာ Daredevil: Born Again ရဲ့ ရိုက်ကွင်းနေရာမှာ ဆန္ဒပြခဲ့ကြတဲ့အတွက် ရိုက်ကူးရေးပြုလုပ်နိုင်ခြင်းမရှိခဲ့ကြောင်း Deadline သတင်းအရသိရှိရပါတယ်။

◼ အပိုင်း ၁၈ ပိုင်းပါဝင်မယ့် Daredevil: Born Again ဟာ နယူးယောက်ခ်မြို့မှာ ရိုက်ကူးရေးကာလ ၈ လ အထိ ရိုက်ကူးရမှာဖြစ်ပြီး ၂ လသာရိုက်ကူးရေးပြုလုပ်ရသေးတာဖြစ်ပါတယ်။ Daredevil: Born Again ရဲ့ Writers နဲ့ executive producer တွေဖြစ်တဲ့ Matt Corman နဲ့ Chris Ord တို့ဟာလည်း WGA သပိတ်ကြောင့် ရိုက်ကွင်းကိုရောက်ရှိလာနိုင်ခြင်းမရှိပါဘူး။

◼ Daredevil: Born Again ကို ၂၀၂၄ နွေဦးရာသီမှာ ပြသဖို့ရည်ရွယ်ထားတာဖြစ်ပြီး Charile Cox က Daredevil အဖြစ်၊ Vincent D'Onofrio က Kingpin အဖြစ်နဲ့ Jon Bernthal က The Punisher အဖြစ် ပါဝင်သွားမယ့်အပြင် Better Call Saul သရုပ်ဆောင် Sanderine Hout ကိုလည်း Kingpin ရဲ့ ဇနီးဖြစ်သူ Vanessa Fisk အဖြစ် တွေ့ရဦးမှာပါ။

◼ Daredevil ကို Netflix Marvel Series အနေနဲ့ Season 3 ခုစာ ပြသခဲ့ပြီးနောက်မှာ Netflix Marvel ဇာတ်ကောင်တွေ MCU ကို ရောက်လာချိန်မှာတော့ Spider-Man: No Way Home ရုပ်ရှင်နဲ့ Disney+ ဇာတ်လမ်းတွဲ She-Hulk: Attorney at Law မှာ Daredevil ကို စတင်မိတ်ဆက်လာခဲ့ပါတယ်။

Ref: Deadline

Sub-Zero ရေးသည်။

Post a Comment

0 Comments