တခြား Series တွေထက် တောင်းဆိုမှု မြင့်တက်နေတဲ့ Young Justice animated Series
မေ ၁၂၊ ၂၀၂၃။
◼ မကြာသေးမီက ထုတ်ပြန်ချက်တစ်ခုအရ HBO Max ရဲ့ DC animated ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Young Justice TV Series ဟာ တခြားသာမန် TV Series တွေထက် အမေရိကန်မှာ လူတောင်းဆိုမှုများနေကြောင်းသိခဲ့ရပါတယ်။
◼ လေ့လာမှုတစ်ခုအရ Young Justice ရဲ့ ကြည့်ရှု့မှုဟာ တခြား TV Show တွေထက်ကို ၉၄.၁ ရာခိုင်နှုန်း ပိုများနေကြောင်း Parrot Analytics မှတစ်ဆင့် သိရှိခဲ့ရပါတယ်။
◼ Season 4 အထိ ထွက်ရှိခဲ့တဲ့ Young Justice ကို ၂၀၂၂ သြဂုတ်လမှာ HBO Max နဲ့ Warner Bros. Discovery ဟာ ဖျက်သိမ်းခဲ့တာဖြစ်ပြီး အဲဒီလိုဖျက်သိမ်းမှုကြောင့် ပရိသတ်တွေက မကျေမနပ်ဖြစ်ကာ ဆက်လက်ပြသပေးဖို့ တောင်းဆိုမှုတွေလည်းများစွာပေါ်ထွက်လာခဲ့ပါတယ်။
◼ ပရိသတ်တွေတောင်းဆိုမှုတွေများနေတဲ့အတွက် Show ရဲ့ co-creator ဖြစ်တဲ့ Greg Weisman က Young Justice တစ်ကျော့ပြန်လာဦးမည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ကြောင့် Young Justice အပေါ် ပရိသတ်တွေက ဆက်လက်မျှော်လင့်နေလျက်ရှိပါတယ်။
◼ သို့ပေမယ့် Young Justice ဟာ James Gunn ဦးစီတဲ့ DC Universe မှာတော့ ပါဝင်ချင်းမရှိပါဘူး။
◼ Young Justice ဟာ DC Main Hero တွေရဲ့ Side Kid တွေကို Villain အကြီးတန်းတွေနဲ့ ရင်ဆိုင်ခိုင်းတဲ့ Series တစ်ခုဖြစ်ပြီး DC ပရိသတ်တွေအကြား တော်တော်လေးလည်း လူကြိုက်များပါတယ်။
Ref: Internet
Jon Snow ရေးသားသည်။
0 Comments