Porpular

6/recent/ticker-posts

၂၀၂၃ BAFTA ဆုပေးပွဲမှာ ဆုအများဆုံးရရှိထားတဲ့ All Quiet on the Western Front ရုပ်ရှင်


၂၀၂၃ BAFTA ဆုပေးပွဲမှာ ဆုအများဆုံးရရှိထားတဲ့ All Quiet on the Western Front ရုပ်ရှင်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

◼ ဗြိတိန်အခြေစိုက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတစ်ခုဖြစ်တဲ့ BAFTA ရဲ့ ၂၀၂၃ အတွက် ၇၆ ကြိမ်မြောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီကနေ့မှာပဲ လန်ဒန်မြို့၊ Royal Festival Hall မှာ ကျင်းပချီးမြှင့်ခဲ့ပြီဖြစ်ပါတယ်။

◼ ၇၆ ကြိမ်မြောက် BAFTA ဆုပေးပွဲမှာ ဆုအမျိုးအစား ၂၅ ဆု ချီးမြှင့်ခဲ့တာဖြစ်ပြီး ဂျာမန်စကားပြော Netflix ရုပ်ရှင် All Quiet on the Western Front က ဆု ၇ ဆု ရရှိကာ ၇၆ ကြိမ်မြောက် BAFTA ဆုပေးပွဲမှာ ဆုအများဆုံးရရှိတဲ့ရုပ်ရှင်ကားဖြစ်လာပါတယ်။ 

◼ ပထမကမ္ဘာစစ်ကာလကိုဇာတ်အိမ်တည်ထားတဲ့ All Quiet on the Western Front ဟာ ၇၆ ကြိမ်မြောက် BAFTA ဆုပေးပွဲမှာ Best Film, Best film not in the English language, Best Director, Best Original Screenplay, Best Adapted Screenplay, Best Original Score နဲ့ Best Cinematography ဆု တို့ကို ရရှိခဲ့ပါတယ်။

◼ The Batman သရုပ်ဆောင် Colin Farrell နဲ့ Barry Keoghan တို့ ပါဝင်ထားတဲ့ ဗြိတိန်ရုပ်ရှင် The Banshees of Inisherin က ဆု ၄ ဆု ရရှိထားသလို အဆိုတော် Elvis Presley အတ္ထုပ္ပတ္တိရုပ်ရှင် Elvis ဟာလည်း ဆု ၄ ဆု ရရှိခဲ့ပါတယ်။

◼ Best Actor ဆုကိုတော့ Austin Butler က Elvis ရုပ်ရှင်နဲ့ ရခဲ့သလို Best Actress ဆုကိုတော့ Cate Blanchett က Tár ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။

Ref: CNN & BBC

McGarrett ရေးသည်။

Post a Comment

0 Comments