Porpular

6/recent/ticker-posts

John Wick: Chapter 4 ဟာ ပြသချိန်အကြာဆုံး John Wick ရုပ်ရှင်ဖြစ်လာ

John Wick: Chapter 4 ဟာ ပြသချိန်အကြာဆုံး John Wick ရုပ်ရှင်ဖြစ်လာ

John Wick | ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။
◼ သရုပ်ဆောင် Keanu Reeves ရဲ့ လေးကားမြောက် John Wick ရုပ်ရှင် John Wick: Chapter 4 ဟာ လာမယ့် မတ် ၂၄၊ ၂၀၂၃ မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
◼ John Wick: Chapter 4 ရဲ့ ပြသချိန်ဟာ စုစုပေါင်း ၁၆၉ မိနစ် (၂ နာရီ ၄၉ မိနစ်) ကြာ​မြင့်မှာဖြစ်ကြောင်း Collider သတင်းအရသိရပါတယ်။ ဒါဟာ John Wick ရုပ်ရှင်တွေထဲမှာ ပြသချိန်အများဆုံးဖြစ်လာနေတာပါ။ John Wick Chapter 1 ဟာ ပြသချိန် ၁၀၁ မိနစ် (၁ နာရီ ၄၁ မိနစ်)၊ John Wick: Chapter 2 ဟာ ပြသချိန် ၁၂၂ မိနစ် (၂ နာရီ ၂မိနစ်) နဲ့ John Wick Chapter 3: Parabellum ဟာ ပြသချိန် ၁၃၁ မိနစ် (၂ နာရီ ၁၁ မိနစ်) စီ ပြသချိန်ကိုယ်စီရှိခဲ့ပါတယ်။
◼ John Wick: Chapter 4 မှာ John Wick ဟာ High Table အဆင့်အထိလိုက်လံတိုက်ခိုက်ရတော့မှာဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့ကကြေးစားတွေနဲ့ပါရင်ဆိုင်ရမှာပါ။ 
◼ John Wick: Chapter 4 မှာ Ian McShane ကို Winston အဖြစ်၊ Lance Reddick ကို Charon အဖြစ်၊ Laurence Fishburne ကို The Bowery King အဖြစ် ပြန်တွေ့ရဦးမယ် It သရုပ်ဆောင် Bill Skarsgård ကို The Marquis အဖြစ်၊ Shamier Anderson ကို The Tracker အဖြစ်၊ Clancy Brown ကို The Harbinger အဖြစ် တွေ့ရဦးမှာပါ။ ဒါ့အပြင် ဟောင်ကောင်အက်ရှင်မင်းသား Donnie Yen ကိုလည်း Caine အဖြစ်၊ ဂျပန်အက်ရှင်သရုပ်ဆောင် Hiroyuki Sanada ကိုလည်း Shimazu အဖြစ် တွေ့ရဦးမယ့်အပြင် Boyka မင်းသား Scott Adkins, Rina Sawayama နဲ့ Natalia Tena တို့လည်း ပါဝင်ထားပါသေးတယ်။
◼ လာမယ့်ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာလည်း John Wick: Chapter 4 ရဲ့ trailer သစ်တစ်ခု ထပ်မံထွက်ရှိဦးမှာပါ။
Ref: Collider
McGarrett ရေးသည်။





Post a Comment

0 Comments