Lord of the Rings ရုပ်ရှင်များ ထပ်မံထုတ်လုပ်ရန် Warner Bros. Discovery စီစဥ်နေ
Lord of the Rings | ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။
◼ Lord of the Rings ပရိသတ်တွေအနေနဲ့ Lord of the Rings သုံးကားတွဲနဲ့ The Hobbit သုံးကားတွဲအပြင် နောက်ထပ် Lord of the Rings ရုပ်ရှင်သစ်တွေထပ်မံကြည့်ရှူရတော့မှာဖြစ်ပါတယ်။
◼ Warner Bros. Discovery လက်အောက်ခံ Warner Bros. နဲ့ New Line Cinema ဟာ နောက်ထပ် Lord of the Rings ရုပ်ရှင်သစ်များ ထပ်မံထုတ်လုပ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
◼ Lord of the Rings ရုပ်ရှင်သစ်များ ထပ်မံထုတ်လုပ်ဖို့အတွက် Warner Bros. နဲ့ New Line Cinema ဟာ စာရေးဆရာကြီး J. R. R. Tolkien ရဲ့ Lord of the Rings ဆိုင်ရာ ထုတ်လုပ်ရေးမူပိုင်ခွင့်တွေကို လက်ရှိရယူထားတဲ့ ဆွီဒင်ဂိမ်းကုမ္ပဏီ Embrace Group နဲ့ လက်အောက်ခံ Freemode တို့နဲ့ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း The Hollywood Reporter သတင်းအရ သိရှိရပါတယ်။
◼ Lord of the Rings ရုပ်ရှင်သစ်တွေကို မူရင်း Lord of the Rings တွေရဲ့ ဒါရိုက်တာ Peter Jackson အပါအဝင် Collaborators များ ဖြစ်ကြတဲ့ Fran Walsh နဲ့ Philippa Boyens တို့ နဲ့ ထုတ်လုပ်သွားဖွယ်ရှိပြီး Middle-Earth Entertainment ခေါင်းစဥ် အောက်ကနေ သီးသန့်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ သီးသန့်ဒါရိုက်တာရွေးချယ်ခြင်းနဲ့ Middle-Earth ရဲ့ ဘယ်လိုအကြောင်းအရာတွေကိုထုတ်လုပ်မလဲဆိုတာကတော့မသိရသေးပါဘူး။
◼ သို့ပေမယ့် Warner Bros. Discovery လက်အောက်ခံ Warner Bros. Animation ဟယ The Lord of the Rings: The War of the Rohirrim ဆိုတဲ့ animated ရုပ်ရှင်တစ်ကားကို ထုတ်လုပ်ပြင်ဆင်နေတာဖြစ်ပြီး ၂၀၂၄ ဧပြီလမှာ ပြသမှာပါ။
◼ လက်ရှိမှာ Amazon Prime ရဲ့ The Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲတစ်ခုသာထွက်ရှိထားပါသေးတယ်။
Ref: The Hollywood Reporter
McGarrett ရေးသည်။
0 Comments