Porpular

6/recent/ticker-posts

Terrifier 4 အထိပါ ထုတ်ချင်နေတဲ့ ဒါရိုက်တာ Damien Leone

Terrifier 4 အထိပါ ထုတ်ချင်နေတဲ့ ဒါရိုက်တာ Damien Leone

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
◼ ၂၀၂၂ ထဲမှာ ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ Damien Leone ရဲ့ slasher ရုပ်ရှင် Terrifier 2 ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၂သိန်း ၅သောင်း သာ အသုံးပြုထားပေမယ့် ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁၄ သန်းအထိ ရရှိခဲ့ကာ slasher ရုပ်ရှင်တွေကြားမှာ နေရာတစ်ခုရလာခဲ့ပါတယ်။
◼ Damien Leone ဟာ Terrifier 3 ကို ဆက်လက်ထုတ်လုပ်မှာဖြစ်ပြီး Terrifier 3 ဟာ 2 ထက် ​ပိုမိုကြောက်စရာကောင်းမှာဖြစ်ကြောင်း Damien Leone ကိုယ်တိုင် အတည်ပြုခဲ့ဖူးပါတယ်။
◼ ဖေဖော်ဝါရီ ၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ Insider Entertainment သတင်းဌာနနဲ့ Damien Leone ရဲ့ အင်တာဗျူးမှာ Terrifier 3 အကြောင်းကိုအနည်းငယ်ပြောပြလာရင်းနဲ့ Terrifier 4 ကိုပါ ထုတ်လုပ်လိုတဲ့ဆန္ဒရှိကြောင်း Damien Leone က ပြောပြလာပါတယ်။
◼ Terrifier 3 မှာ ဘာသာရေးဆိုင်ရာအ​ကြောင်းအရာတွေကိုပါထည့်သွင်းထားမှာဖြစ်ပြီး Art the Clown နဲ့ Sienna တို့ရဲ့အကြောင်းကို နှစ်ဘက်မျှဖော်ပြသွားမှာဖြစ်ကြောင်းကို Damien Leone က
"ဘာသာရေးဆန်ဆန်အကြောင်းအရာတွေ ရှင်းရှင်းလင်းလင်း​ပါလာမယ်။ ကောင်းကင်ဘုံနဲ့ငရဲပြည် သဘောတရားမျိုးပါတယ်။ အဲဒီ clown က သေရွာပြန်နတ်ဆိုးဗျာ၊ Sienna ကလည်း တဖြေးဖြေးနဲ့ သူဟာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ Old Testament Angel လို ဖြစ်လာတယ်ဆိုတာကို သူဘာသာသတိထားမိလာမယ်။ ဒီကားမှာအဲဒီအဖြစ်အပျက်ကိုရိုက်ကူးရတာ ကျွန်တော့်အတွက် စိတ်ဝင်စားစရာအကောင်းဆုံးပဲ။" လို့ ပြောလာပါတယ်။
◼ Terrifier 3 အတွက် ဇာတ်လမ်းရေးသားနေကြောင်းနဲ့ Terrifier 4 ကိုပါ ဆက်လက်ထုတ်လုပ်လိုကြောင်းကိုလည်း Damien Leone က အခုလိုပြောပြလာပါသေးတယ်။
"အခုကိုကျွန်တော် Terrifier 3 ရေးနေပြီ။ သေချာပေါက်နောက်ထပ်တစ်ကားကိုထပ်ရိုက်ချင်သေးတယ်ဗျာ။ နောက်ထပ်ရိုက်စရာဇာတ်ထုပ်နှစ်ထုပ်လောက်ကိုရှိသေးတယ်၊ ခေါင်းထဲမှာလည်း စိတ်ကူးတွေအများကြီးရှိသေးတယ်။ Art the Clown, the pale girl, Victoria နဲ့ Sienna တို့အကြောင်းတွေကိုအများကြီးပြစရာရှိသေးတယ်။ Sienna ကို အကြောင်းပြုပြီး ဒီ franchise ကို အဆုံးသတ်မှာပါ။"
◼ Terrifier 2 အပြင် ၂၀၁၆ က ထုတ်ခဲ့တဲ့ Terrifier ဆိုတာလည်းရှိပါသေးတယ်။ Terrifer ရုပ်ရှင်တွေရဲ့ပြသကွက်တွေဟာ သွေးထွက်သံယိုများပြားလွန်းတဲ့အတွက် ကြည့်ရှုသူတွေကြားမှာ အငြင်းပွားစရာတချို့ဖြစ်ခဲ့ပါသေးတယ်။
◼ Terrifier 3 ရဲ့ ပြသရက်ကိုတော့မသိရသေးပါဘူး။
Ref: Insider Entertainment 
McGarrett ရေးသည်။



Post a Comment

0 Comments