Thunderbolts အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ Bucky Barnes ခေါ် Winter Soldier
Marvel | ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
◼ Marvel Studios ဥက္ကဌ Kevin Feige က Entertainment Weekly နဲ့ အင်တာဗျူးတစ်ခုမှာ အသစ်ထွက်ရှိလာမယ့်ရုပ်ရှင်သစ် Thunderbolts နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခုကို ပြောပြသွားခဲ့ပါတယ်။
◼ အဲဒီစိတ်ဝင်စားစရာကတော့ Thunderbolts ရုပ်ရှင်မှာ Bucky Barnes တစ်ဖြစ်လဲ White Wolf တစ်ဖြစ်လဲ Winter Soldier ဟာ Thunderbolts အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာမယ်ဆိုတဲ့ အကြောင်းအရာပါ။
"မကြာခင်မှာ ရိုက်ကူးရေးလုပ်တော့မယ့် အကြောင်းအရာတွေ အများကြီးရှိတယ်။ ပျော်စရာကောင်းတာက D23 မှာ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ သူတို့က ဟီးရိုး ဖြစ်ရုံပါပဲ။ သူတို့တွေထဲက ဘယ်သူကမှ သူတို့ကိုယ်သူတို့ ဟီးရိုးဖြစ်တယ်လို့ ယူဆကြမှာမဟုတ်ဘူး။ ခင်ဗျား သိထားရမှာက de facto leader က Bucky Barnes ဖြစ်လာမယ် ဆိုတာပါပဲ" လို့ Kevin Feige က ပြောခဲ့ပါတယ်။
◼ ဒီသတင်းနဲ့ပတ်သက်ပြီး ပြောစရာက De Jure နဲ့ De Facto ဆိုတဲ့ လက်တင် အသုံးအနှုန်းပါ။
ဒီအသုံး နှစ်ခုကို ရှင်းအောင်ပြောရရင် Avengers အဖွဲ့မှာ Steve Rogers က တိုက်ပွဲတွေမှာ ဦးဆောင်တဲ့အတွက် De Facto ဖြစ်ပြီး Tony Stark က အဖွဲ့ကို ထောက်ပံ့တာ၊ နိုင်ငံတကာက အရေးပါတဲ့လူတွေနဲ့ အဆက်အသွယ်ရှိတာကြောင့် De Jure လို့ သတ်မှတ်လို့ရပါတယ်။
◼ ဒါပေမယ့် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မြေပြင်ရောက်သွားပြီဆိုရင်တော့ အခြေအနေ အားလုံးက Steve Rogers လက်ထဲ ရောက်သွားပြီပဲ ဖြစ်ပါတယ်။
◼ Steve Rogers က တကယ့် De Facto ဟုတ်မဟုတ်ဆိုတာကို End Game Final Battle ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
◼ သတင်းအကြောင်းအရာကို ပြန်ဆက်ရရင် Thunderbolts မှာ White Wolf aka Winter Soldier, U.S Agent, Ghost, Black Widow , Red Guardian, Task Master နဲ့ De Fontaine တို့က အဖွဲ့ဝင်အနေနဲ့ ပါဝင်လာမှာပါ။
◼ Bucky Barnes က de facto leader ဖြစ်လာမှာ ဖြစ်တဲ့အတွက် de jure နေရာ ယူမယ့်သူက
De Fontaine ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
◼ တစ်ဖက်မှာလည်း Captain America ဖြစ်ဖူးပြီး Super Soldier Serum ထိုးထားတဲ့ U.S Agent လည်းရှိနေတာကြောင့် Bucky အနေနဲ့ de facto leader နေရာကို အလွယ်တကူ ရယူနိုင်မှာတော့မဟုတ်ပါဘူး။
◼ အခန့်မသင့်ရင်၊ ရုပ်ရှင်ပရိသတ်တွေ ကံကောင်းခဲ့ရင် Winter Soldier aka White Wolf နဲ့ U.S Agent ကြားက ရန်ပွဲကိုလည်း မြင်ရနိုင်ချေ ရှိနေပါတယ်။
Ref: ScreenRant
Loki ရေးသည်။
0 Comments