Winnie the Pooh: Blood and Honey ကို Universe တစ်ခုအဖြစ် ဖန်တီးချင်လျက်ရှိနေ
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။
◼ The Hollywood Reporter သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာ Winnie The Pooh: Blood and Honey ဒါရိုက်တာ Rhys Frake-Waterfield ရဲ့ပြောပြလာပုံအရ Dark Universe လိုမျိုး သူ့ရဲ့ဇာတ်ကောင်တွေကို Universe ထောင်ပေးဖို့စဉ်းစားနေတယ်လို့သိရပါတယ်။
"ကျွန်တော်က သူတို့အကုန်လုံး ကမ္ဘာတစ်ခုတည်းမှာရှိနေတယ်ဆိုပြီး ရိုက်လိုက်မယ်ဗျာ။ ဒါဆို Crossover လုပ်လို့ရပြီပေါ့။"
◼ Winnie The Pooh ကိုလည်း Sequel ထုတ်ပေးဖို့ပြင်ဆင်ထားသလို Freddie Vs Jason လို Bambi Vs Pooh ဆိုတဲ့Crossover လူသတ် ဇာတ်ကားရိုက်ဖို့လည်းစဉ်းစားနေကြောင်းပြောလာပါတယ်။
"လူတွေက ကျွန်တော့်ကို Bambi vs Pooh ကြည့်ချင်တယ်လို့မတ်ဆေ့ပို့နေကြတာ အတော်များနေပြီဗျ"
◼ Winnie The Pooh နဲ့ Bambi ဆိုတာဟာ Disney ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုသက်တမ်း နှစ်အတော်ကြာလာတာကြောင့် Public Domain ဖြစ်သွားတဲ့ ဇာတ်ကောင်တွေဖြစ်တာကြောင့် ရိုက်ချင်တဲ့သူက ရိုက်ချင်သလိုရိုက်ခွင့်ရှိသွားပါပြီ။ အဲဒါကြောင့် ဒါရိုက်တာ Rhys Frake-Waterfieldက သူ့အနေနဲ့ ဒီဇာတ်ကောင်တွေကို ရုပ်ရှင်အများကြီးဆက်ရိုက်သွားဦးမယ့်အကြောင်းပြောပြလာပါတယ်။
"ဒစ်စနေးနဲ့မဆိုင်တော့တဲ့ဇာတ်ကောင်တွေအများကြီးမှအများကြီးရှိလာပြီ။ ခင်ဗျားတို့ရဲ့ ငယ်ဘဝမှာကြားဖူးတဲ့ နတ်သမီးပုံပြင်တွေ၊ဒဏ္ဍာရီတွေ၊ အယူအဆတွေ အများကြီး ရှိမှာပါ။ အဲ့ဒါတွေကို ကျွန်တော်ကမတူညီတဲ့ဖြစ်တည်မူတွေအနေနဲ့ ရုပ်ရှင်ရိုက်ပစ်ချင်တာ။"
Ref: THR
ကိုခွေး ရေးသည်။
0 Comments