Amazon Prime မှာ ပြသမယ့် Batman: Caped Crusader
DC | မတ် ၁၀၊ ၂၀၂၃။
◼ J.J. Abrams, Matt Reeves နဲ့ Bruce Timm တို့ရဲ့ DC Animated Series ဖြစ်တဲ့ Batman: Caped Crusader ဟာ မူလက HBO Max မှာ ပြသဖို့ပြင်ဆင်ခဲ့ပေမယ့် ၂၀၂၂ သြဂုတ်လထဲမှာ Warner Bros. Discovery က ဖျက်သိမ်းလိုက်ပါတယ်။
◼ Batman: Caped Crusader ကို Netflix, Apple နဲ့ Hulu တို့မှာ ပြသဖို့ကမ်းလှမ်းခဲ့ပေမယ့် Netflix, Apple နဲ့ Hulu ဘက်ကပါ ငြင်းခဲ့ပါတယ်။
◼ ယခုအခါမှာ Batman: Caped Crusader ကို Amazon Prime Video က ပြသဖို့အတွက်ဝယ်ယူလိုက်ပြီဖြစ်ကြောင်း J.J. Abrams နဲ့ Matt Reeves တို့ရဲ့ ပူးတွဲကြေညာချက်တစ်ခုအရသိရပါတယ်။ အဆိုပါကြေညာချက်အရ Batman: Caped Crusader မှာ Season နှစ်ခု ပါဝင်မှာဖြစ်ကြောင်းနဲ့ Season 1 မှာ ဆယ်ပိုင်းပြသမှာဖြစ်ကြောင်း သိရပါတယ်။ Amazon ဟာ Warner Bros. ရဲ့ Lord of the Rings အပြင် DC ကိုပါ ချုပ်ကိုင်ဖို့ကြိုးစားလာနေတာဖြစ်ပါတယ်။
◼ Warner Bros. Discovery ဟာ J.J. Abrams ရဲ့ DC ပရောဂျက်တွေဖြစ်တဲ့ Justice League Dark, Constantine နဲ့ Madame X တို့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
◼ Batman: Caped Crusader ရဲ့ ပြသရက်ကိုတော့မသိရသေးပါဘူး။
Ref: THR
McGarrett ရေးသည်။
0 Comments