Creed ကို cinematic universe တစ်ခုအဖြစ် Amazon Prime မှ ဖန်တီးရန်ကြံစည်နေ
မတ် ၁၀၊ ၂၀၂၃။
◼ MGM ကနေ ဖြန့်ချိပြသနေတဲ့ Michael B. Jordan နဲ့ Jonathan Majors တို့ရဲ့ Creed III ဟာ လက်ရှိမှာ ရုံတင်ပြသနေတာဖြစ်ပြီး ရုံတင်ငွေ ကန်ဒေါ်လာ ၁၁၄ သန်းကျော်ရရှိနေပါတယ်။
◼ MGM ကုမ္ပဏီကို Amazon Prime Video က ၂၀၂၂ မတ်လထဲမှာ အပြီးသတ်ဝယ်ယူလိုက်တာဖြစ်တဲ့အတွက် Creed ရုပ်ရှင်တွေအပါအဝင် MGM ရဲ့ တခြားရုပ်ရှင်တွေဟာလည်း Amazon Prime Video အောက်မှာ ရှိနေပါတယ်။
◼ Deadline သတင်းအရ Amazon Prime Video ဟာ Creed တွေကို cinematic universe တစ်ခုအဖြစ် တည်ဆောက်လိုစိတ်ရှိနေပြီး ရုပ်ရှင်သာမက ဇာတ်လမ်းတွဲတွေကိုပါထုတ်လုပ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။ အဆိုပါဆောင်းပါးအရ Creed Universe အတွက် Michael B. Jordan ဟာ Amazon Prime နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ၂၀၂၂ ကတည်းက ပြုလုပ်နေကြောင်းသိရပါတယ်။
◼ Amazon Prime ဟာ Creed နဲ့ ဆက်စပ်တဲ့ anime series တစ်ခု၊ live-action series တစ်ခုနဲ့ Adonis Creed ရဲ့ သမီး Amara အကြောင်း ရုပ်ရှင်တစ်ကားကိုပါထုတ်လုပ်ဖို့ရည်ရွယ်နေတယ်လို့ သတင်းထွက်လာပါသေးတယ်။
◼ Michael B. Jordan, MGM နဲ့ Amazon Prime ဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုမှတ်ချက်ပေးထားခြင်းမရှိသေးပါဘူး။
◼ Creed တွေ ဟာ Slyvester Stallone ရဲ့ Rocky ရုပ်ရှင်တွေရဲ့ spin-off တွေဖြစ်ပြီး MGM ဟာ သရုပ်ဆောင် Dolph Lundgren ရဲ့ Ivan Drago နဲ့ Florian Munteanu ရဲ့ Viktor Drago တို့အကြောင်း သီးသန့်ရုပ်ရှင် Drago ကိုလည်း ဇာတ်လမ်းတည်ဆောက်ပြင်ဆင်နေပါတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments