Porpular

6/recent/ticker-posts

Pokemon Detective Pikachu ရဲ့ sequel အတွက် ဒါရိုက်တာရရှိပြီဖြစ်

Pokemon Detective Pikachu ရဲ့ sequel အတွက် ဒါရိုက်တာရရှိပြီဖြစ်

မတ် ၄၊ ၂၀၂၃။

◼ ၂၀၁၉ က ပြသခဲ့တဲ့ Legendary Pictures ရဲ့ Pokémon Detective Pikachu ရုပ်ရှင်ဟာ နောက်ထပ် sequel တစ်ကား ထွက်ရှိဦးမှာဖြစ်ပါတယ်။

◼ Pokémon Detective Pikachu sequel ရုပ်ရှင်အတွက် ဇာတ်လမ်းကို Chris Galletta က ရေးသားပေးမှာဖြစ်ပြီး အမေရိကန်ဟာသဇာတ်လမ်းတွဲ Portlandia ရဲ့ ပူးတွဲဖန်တီးသူ Jonathan Krisel က ဒါရိုက်တာအဖြစ် တာဝန်ယူပြီးရိုက်ကူးပေးသွားမှာပါ။

◼ ၂၀၁၉ က ပြသခဲ့တဲ့ Pokémon Detective Pikachu ရုပ်ရှင်ဟာ ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၄၃၀ ကျော်ရရှိခဲ့ပြီး Ryan Reynolds, Ken Watanabe, Justice Smith နဲ့ Kathryn Newton တို့ ပါဝင်ခဲ့ပါတယ်။

◼ Pokémon Detective Pikachu sequel အတွက် အသေးစိတ်ကိုတော့မသိရသေးပေမယ့် Ryan Renolds ကတော့ ပြန်လည်ပါဝင်လာဖွယ်ရှိကြောင်း အတွင်းသတင်းများအရသိရပါတယ်။

Ref: Deadline

McGarrett ရေးသည်။



Post a Comment

0 Comments