Warner Bros. နဲ့ A24 တို့ရဲ့ ရုပ်ရှင်သစ်တွေမှာ Anne Hathaway ပါဝင်သရုပ်ဆောင်သွားမယ်
မတ် ၂၄၊ ၂၀၂၃။
◼ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးချောတစ်လက်ဖြစ်တဲ့ Anne Hathaway ဟာ အထင်ကရရုပ်ရှင်ဖြန့်ချိရေးကုမ္ပဏီတွေဖြစ်တဲ့ Warner Bros. နဲ့ A24 ရဲ့ ရုပ်ရှင်ကားသစ်နှစ်ခုမှာ အဓိကနေရာတွေကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
◼ Warner Bros. ဟာ Jackson Pictures နဲ့ J.J. Abrams ရဲ့ ကုမ္ပဏီ Bad Robots တို့နဲ့ ပူးပေါင်းပြီး ရုပ်ရှင်ကားကြီးတစ်ကားကို ဖြန့်ချိပြသဖို့ပြင်ဆင်နေပါတယ်။
◼ အဲဒီရုပ်ရှင်ဟာ thriller အမျိုးအစားဖြစ်ပြီး Anne Hathaway က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်သလို နာမည်ကြီး psycho thriller ရုပ်ရှင်တစ်ခုဖြစ်တဲ့ It Follows ရဲ့ ဒါရိုက်တာ David Robert Mitchell က ဇာတ်ညွှန်းနဲ့ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာပါ။
◼ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး နာမည်၊ ပြသရက်နဲ့ ဇာတ်လမ်းအကြောင်း အသေးစိတ်မသိရပေမယ့်လည်း ၁၉၈၀-၉၀ ကာလကိုအခြေတည်တဲ့ ဒိုင်နိုဆောရုပ်ရှင်တစ်ကားဖြစ်လာမယ်လို့လည်း အင်တာနက်သတင်းများအရ သိရပါတယ်။
◼ Green Knight ဒါရိုက်တာ David Lowery ဟာ A24 ကုမ္ပဏီ ကနေ ဖြန့်ချိပြသမယ့် Mother Mary ဆိုတဲ့ရုပ်ရှင်ကားသစ်တစ်ကားကို တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။
◼ Mother Mary ဟာ ဂီတပညာရှင်တစ်ယောက်နဲ့ သူ့ရဲ့ဖက်ရှင်ဒီဇိုင်နာတို့ရဲ့ အချစ်ဇာတ်လမ်းကြောင်းကိုပြသမယ့် melodrama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Anne Hathaway က ဂီတပညာရှင်အဖြစ်၊ Black Panther: Wakanda Forever မင်းသမီး Michaela Coel က ဖက်ရှင်ဒီဇိုင်နာအဖြစ် ပါဝင်သွားကြမှာပါ။
◼ Mother Mary ကို David Lowery ကပဲ ဇာတ်လမ်းရေးသားပေးမှာဖြစ်ပြီး ဒီရုပ်ရှင်ဟာ David Lowery ရဲ့ သုံးကားမြောက် A24 ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ရိုက်ကူးရေးစတင်မှာဖြစ်ပြီး ပြသရက်ကိုတော့မသိရသေးပါဘူး။
◼ ၂၀၂၃ ဟာ Anne Hathaway အတွက် အလုပ်များတဲ့နှစ်တစ်နှစ်ဖြစ်ပြီး Eileen, Mother's Instinct နဲ့ The Idea of You စတဲ့ ရုပ်ရှင်သုံးကားမှာလည်းပါဝင်ထားပါသေးတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments