ပိုပြီးကြောက်စရာကောင်းတော့မယ့် Wednesday Season 2
မတ် ၁၀၊ ၂၀၂၃။
◼ ၂၀၂၂ က ပြသခဲ့တဲ့ ဒါရိုက်တာ Tim Burton ရဲ့ Netflix ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Wednesday ဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှုများစွာရရှိခဲ့ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ Netflix က Wednesday ကို Season 2 ထပ်မံထုတ်လုပ်ပေးဖို့အတွက် တရားဝင်အတည်ပြုခဲ့ပါတယ်။
◼ Wednesday Season 2 နဲ့ ပတ်သက်ပြီး အခြေအနေတချို့ကို သရုပ်ဆောင် Jenna Ortega က ပြီးခဲ့တဲ့ကြာသပတေးညမှာထုတ်လွှင့်ခဲ့တဲ့ The Tonight Show Starring Jimmy Fallon အစီအစဥ်မှာ ပြောပြလာပါတယ်။
◼ Wednesday Season 2 ဟာ ဇာတ်လမ်းပြင်ဆင်တည်ဆောက်ဆဲရှိနေကြောင်းကို Jenna Ortega က "အခုမှဇာတ်ညွှန်းဆရာတွေ ဆွေးနွေးစုဖွဲ့တိုင်ပင်နေဆဲ၊ ဆွေးနွေးနေဆဲလို့တော့ထင်တယ်။" လို့ ပြောလာခဲ့ပါတယ်။
◼ Season 2 မှာ ရိုမန့်စ်ဇာတ်ဝင်ခန်းတွေနည်းပါးမှာဖြစ်ပြီး ပိုပြီးကြောက်စရာကောင်းလာမှာဖြစ်ကြောင်းကိုလည်း Jenna Ortega က အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။
"ကျွန်မတို့တွေ horror ရှုထောင့်ဘက်ကို နည်းနည်းပိုပြီးအသားပေးချင်တယ်လို့တော့ထင်တယ်၊ ပြီးရင် Wednesday ကို ရိုမန့်စ်အခြေအနေထဲကနေဆွဲထုတ်မယ်၊ ပြီးရင် သူဘာသာသူရပ်တည်ပြီးတော့ အမှုတွေကိုကိုယ်တိုင်ဖြေရှင်းသွားမယ်ပေါ့။"
◼ Jenna Ortega ရဲ့ မှတ်ချက်အရ Wednesday Season 2 ဟာ ဇာတ်လမ်းပြင်ဆင်ဆဲအနေအထားမှာရှိနေသေးတဲ့အတွက် Season 2 ကို ၂၀၂၃ ထဲမှာ ကြည့်ရှုရနိုင်ဖွယ်မရှိသေးပါဘူး။
◼ Jenna Ortega ဟာ လက်ရှိရုံတင်ပြသနေတဲ့ Paramount ရဲ့ slasher ရုပ်ရှင် Scream VI မှာလည်း ပါဝင်ထားပါသေးတယ်။
Ref: Insider Entertainment
McGarrett ရေးသည်။
0 Comments