Aladdin 2 ထပ်မံထွက်ရှိမည်ဟု ဒါရိုက်တာ Guy Ritchie အတည်ပြုလာ
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။
◼ ၂၀၁၉ ခုနှစ်မှာ Live-Action အဖြစ် ရုပ်ရှင်ပိတ်ကားထက်မှာ ပြသခဲ့တဲ့ Aladdin ရုပ်ရှင်ဟာ နောက်ထပ် Sequel ထွက်ရှိဦးမယ်လို့ ဒါရိုက်တာ Guy Ritchie က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
◼ ပထမဆုံး Aladdin Live-Action ကို ကိုင်တွယ်ခဲ့တဲ့ Guy Ritchie အနေနဲ့ Aladdin Sequel ရုပ်ရှင်အတွက် အလုပ်လုပ်နေပြီဖြစ်ကြောင်းနဲ့ ဇာတ်ညွှန်အတွက်လည်း စိတ်ကူးထားတာလေးရှိတယ်လို့ ဆိုပါတယ်။
◼ ဘတ်ဂျက်အနေနဲ့ ကန်ဒေါ်လာ ၁၈၃ သန်း အသုံးပြုခဲ့တဲ့ Aladdin Live-Action ရဲ့ ပထမဆုံး Teaser ကို ထုတ်လွင်ခဲ့ရာမှာ ပရိသတ်တွေဆီကနေ အဆိုးမြင် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ရုံတင်ခဲ့ရာမှာတော့ ထင်မထားလောက်အောင် အကြီးအကျယ် အောင်မြင်ခဲ့ပြီး Box Office မှာ ကန်ဒေါ်လာ ၁.၀၅၄ ဘီလျံထိ ရရှိခဲ့တာပါ။
◼ လက်ရှိမှာ Aladdin Sequel ထွက်ရှိမယ်ဆိုတာကလွဲရင် Disney ဘက်က ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် Live-Action ဇာတ်ကြောင်းက Animated Sequel နဲ့ မတူဘူးဆိုပြီး သတင်းတွေ ထွက်နေပါသေးတယ်။
Ref: ScreenRant
Loki ရေးသည်။
0 Comments