Porpular

6/recent/ticker-posts

Ant-Man & the Wasp: Quantumania ဒါရိုက်တာပြောတဲ့ Kang The Conqueror

Ant-Man & the Wasp: Quantumania ဒါရိုက်တာပြောတဲ့ Kang The Conqueror 

(Spoiler သတိပြုရန်)

Marvel | ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃

◼ Ant-Man and the Wasp: Quantumania ရုပ်ရှင်ရဲ့ Climax ဖြစ်တဲ့ Ant-Man နဲ့ Kang the Conqueror တို့ တိုက်ပွဲမှာ Ant-Man က အနိုင်ရသွားပြီး Kang က ရှုံးနိမ့်သွားခဲ့ပါတယ်။ ဇာတ်လမ်းအလိုရတော့ သေသွားတဲ့ပုံစံမျိုးကို ဖော်ပြခဲ့တာပါ။

◼ ရုပ်ရှင်အဆုံးသတ်နားမှာတော့ Scott Lang aka Ant-Man က Kang တကယ် သေ မသေ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ဖာသာ တစ်ယောက်တည်း ဂျာအေး သူ့အမေ ရိုက်တဲ့ မေးခွန်းတွေနဲ့ စိတ်ရှုပ်နေခဲ့တာကို ရုပ်ရှင်ပရိသတ်တွေ မြင်ခဲ့ရမှာပါ။ 

◼ ရုပ်ရှင်ပရိသတ်တွေ ကြားမှာလည်း ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး Kang the Conqueror သေ မသေဆိုတာကို ဆွေးနွေးမှုတွေ ရှိနေဆဲပါ။

◼ နောက်ဆုံးမှာတော့ ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် Ant-Man and the Wasp: Quantumania ဒါရိုက်တာ Peyton Reed က အင်တာဗျူးတစ်ခုမှာ ယခုလို ဖြေသွားခဲ့ပါတယ်။

"ဒါက တကယ့် မေးခွန်းကောင်းပဲဗျ။ Scott Lang ကလည်း အဲ့ဒီမေးခွန်းနဲ့ ဗျာများသွားတာကို မြင်ပြီးသားနေမှာပါ။ ခင်ဗျားအနေနဲ့ အလောင်းကို မတွေ့ဘူးဆိုရင် အဲဒါရဲ့ အဓိပ္ပါယ်က ...."

◼ သတင်းထောက်တွေက ဒီမေးခွန်းကိုပဲ နောက်ဆုံး တစ်ကြိမ် ထပ်မေးတဲ့အခါမှာတော့
Peyton Reed က "ခင်ဗျား ဒီမေးခွန်းရဲ့ အဖြေကို တကယ် မသိချင်ပါဘူး။ ခင်ဗျားအနေနဲ့ ဒီအ​ဖြေကိို သိတယ်ထင်မယ်၊ ဒါပေမယ့် တကယ်တမ်းကျ မသိဘူး " လို့ ပြောသွားခဲ့ပါတယ်။

◼ ဒါရိုက်တာ Peyton Reed ရဲ့ မပြတ်မသား အဖြေအရ Kang the Conqueror နဲ့ Ant-Man တို့ တိုက်ပွဲမှာ Kang က မသေသွားခဲ့ပါဘူး။ တစ်ချိန်မဟုတ် တစ်ချိန်ပြန်ပေါ်လာမှာဖြစ်ပြီး အသေချာဆုံးကတော့ Avengers: The Kang Dynasty မှာပဲ ဖြစ်ပါတယ်။

◼ Marvel Studios ရဲ့ Ant-Man and the Wasp: Quantumania ရုပ်ရှင်ဟာ လက်ရှိမှာ ရုံတင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုနဲ့အတူ တစ်ဖက်မှာလည်း ဝေဖန်ထောက်ပြမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

Ref: Internet

Loki ရေးသည်။



Post a Comment

0 Comments