Wolverine ဇာတ်ကောင်ကြောင့် အသံထိခိုက်ခဲ့ရတဲ့ Hugh Jackman
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃။
◼ သရုပ်ဆောင် Hugh Jackman ဟာ Marvel X-Men ရုပ်ရှင်ခြောက်ကားမှာ Wolverine ဇာတ်ကောင်အဖြစ် ဆယ်စုနှစ်နှစ်ခုနီးပါးသရုပ်ဆောင်ခဲ့ပါတယ်။
◼ Wolverine ဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့ရတဲ့အတွက် Hugh Jackman ဟာ အသံပိုင်းဆိုင်ရာထိခိုက်ခဲ့ရကြောင်း BBC ရဲ့ Front Row ရှိုးမှာ အခုလိုပြောပြလာပါတယ်။
"Wolverine လုပ်ရတော့ အသံပိုင်းမှာနည်းနည်းထိသွားတယ်။ ကျွန်တော်က ညှစ်ပြီးမာန်သွင်းအော်ရတဲ့အပိုင်းမှာအားနည်းတော့ကျ အော်ရတဲ့အပိုင်းမှာ အားစိုက်ပြီးပိုအော်ရ၊ မာန်သွင်းရတာပေါ့။ Wolverine အနေနဲ့တုန်းက လုပ်ခဲ့ရတာတွေကို ကျွန်တော့်ရဲ့ vocal ဆရာမကိုပြောပြလိုက်တော့ကျ သူတော်တော်လန့်သွားတယ်။ အသံသင်တန်းကျောင်းတုန်းက အသံကိုမထိခိုက်အောင် ဘယ်လိုအော်ရမလဲ၊ ဘယ်လိုမာန်သံနဲ့အော်ရမလဲဆိုတာ သင်ရတယ်။ Wolverine တုန်းက အော်ရဟစ်ရတော့ကျ ကျွန်တော့်အသံကိုထိခိုက်သွားတယ်ထင်တယ်။ အခုကျွန်တော်ပြင်နေရတယ်။"
◼ Hugh Jackman ဟာ MCU နဲ့ ပတ်သက်မှုရှိတဲ့ နိုဝင်ဘာ ၈ မှာ ရုံတင်ပြသမယ့် Deadpool 3 မှာ Wolverine အဖြစ် ပြန်လည်ပါဝင်သွားဦးမှာဖြစ်ပါတယ်။
Ref: Internet
McGarrett ရေးသည်။
0 Comments