ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။
◼ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ နာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Jamie Lee Curtis နဲ့ Lindsay Lohan တို့ရဲ့ Disney ရုပ်ရှင် Freaky Friday ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
◼ ပြီးခဲ့တဲ့စနေနေ့ကကျင်းပခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခုဖြစ်တဲ့ PGA ဆုပေးပွဲမှာ Jamie Lee Curtis နဲ့ Lindsay Lohan တို့ ပြန်လည်တွေ့ဆုံခဲ့ကြပြီး Freaky Friday sequel နဲ့ ပတ်သက်ပြီး အနည်းငယ်အရိပ်အမြွက်ပြောလာပါတယ်။
◼ Freaky Friday sequel အတွက် Disney ဘက်က တရားဝင်ကြေညာထားခြင်းမရှိပေမယ့် sequel ထွက်ရှိလာမှာဖြစ်ကြောင်းကို Jamie Lee Curtis က အခုလိုပြောလာပါတယ်။
"ထွက်လာမှာပါ။ လုပ်ကြတော့မှာပါလို့တရားဝင်မပြောပဲနဲ့တောင်မှ ရှင်တို့ကိုကြည့်ပြီးအပြတ်ပြောလိုက်မယ်။ ဒီကားထွက်ကိုထွက်လာမှာ။"
◼ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ မှာလည်း Jamie Lee Curtis ဟာ Lindsay Lohan နဲ့ အတူတူတွဲထားတဲ့ဓာတ်ပုံတစ်ပုံကိုလည်း သူ့ရဲ့ Instagram မှာ မျှဝေထားပါသေးတယ်။
◼ Freaky Friday ဟာ ခန္ဓာကိုယ်နှစ်ခုနဲ့စိတ်နှစ်ခု နေရာချင်းဖလှယ်သွားတဲ့အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments