Porpular

6/recent/ticker-posts

Babylon (2022)

 Babylon (2022) | (Mini Spoiler သတိပြုရန်)

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။

◼ ပထမဆုံးပြောချင်တာကတော့ လုံးဝကိုပြီးပြည့်စုံတဲ့ကားပါ။ Damien Chazelle ဆိုတဲ့ဒါရိုက်တာဟာ Babylon မှာ သူ့ရဲ့အနုပညာဖန်တီးမှုကိုအကုန်ထုတ်သုံးပြသွားခဲ့တယ်လို့တောင်သပ်မှတ်လို့ရပါတယ်။ Cinematograph အပိုင်းတွေ၊ ဒိုင်ယာလော့ခ်တွေကလည်း လိုက်ဖက်မှုရှိပြီး သုံးနာရီဆိုတာဘယ်လိုကုန်လို့ကုန်လဲမသိအောင်ကို လှပလွန်းတဲ့ရုပ်ရှင်ပါပဲ။ ခရမ်းချဉ်သီးပုပ်က ဒီလိုရုပ်ရှင်မျိုးကိုနားမလည်ကြတာကတော့ စိတ်မကောင်းစရာပါပဲ။ Rotten Tomatoes မှာ အပုပ်ပေးတဲ့ကောင်တွေကိုမေ့ထားလိုက်ပါ။ ဇာတ်ကားထဲကို ဒီအတိုင်းပဲစီးမျောကြည့်လိုက်ပါ။

◼ ဇာတ်လမ်းအကြောင်းပြောရရင် ၁၉ ရာစုမှာ အသံမပါဘဲ Acting လုပ်ရတဲ့အသံတိတ်ရုပ်ရှင်ခေတ်မှာ Brad Pitt က star တစ်ယောက်ပေါ့။ Diego နဲ့ Margot တို့ ဝါသနာတူ အညတရနှစ်ယောက်ဟာ Brad Pitt ရဲ့ပါတီမှာတွေ့ကြပြီး သူတို့ရဲ့ရည်မှန်းချက်မှန်းတိုင်တွေဆီ ဘယ်လိုလျှောက်လှမ်းမလဲဆိုတာ ကြည့်ရမှာပါ။

◼ Quentin Tarantino ရဲ့ Once Upon a Time In Hollywood လိုမျိုး တစ်ခါကဟောလိဝုဒ်ဆိုတာ ဒါမျိုးလားကွ ဆိုပြီး အကောင်းရောအဆိုးကိုပါမျှမျှတတထည့်ပြခဲ့တာကိုတွေ့ရပါတယ်။ ဇာတ်ကောင်တွေရဲ့ဇာတ်လမ်းအပေါ်ထင်ဟပ်မှုက တစ်ခါတစ်ခါမှာအိုဗာဖြစ်သွားပေမယ့် သရုပ်ဆောင်တွေရဲ့ဝါအရလို့ပဲပြောရမလား အိုဗာဖြစ်တာတွေကိုပြန်ထိန်းပေးသွားတယ်။ ဇာတ်ပို့တွေကလည်း ဒီရုပ်ရှင်ကိုတစ်ဖက်တစ်လမ်းကနေ ဇာတ်ကိုပြန်ပြန်သယ်ပေးသွားတာကိုလည်းတွေ့ရပါတယ်။

◼ အဲဘက်ခေတ်က Film Industry တွေရဲ့ အရှုပ်အရှင်းတွေ၊ ရ်ိုက်ကွင်း setting မှာလူတွေသေကြတာတွေ စတာတွေပါ သေချာလေးပြထားတယ်၊ နောက်ဆုံး Tobey ရဲ့ဇာတ်ကောင်ပေါ်လာတဲ့အခန်းတွေမှာဆို Horrorဆန်ဆန်တောင်တွေ့ရပါတယ်။

◼ Hollywood ရဲ့ရွှေခေတ်ရုပ်ရှင်အပြောင်းအလဲတွေမှာ သရုပ်ဆောင်တွေဟာ တစ်ဆင့်ကနေတစ်ဆင့် surviveလုပ်ကြရတဲ့ပုံစံမျိုးတွေကိုလည်းရိုက်ပြထားတယ်၊ခေတ်တစ်ခုအပြောင်းအလဲကာလတွေမှာ အရင်ကဘယ်လောက်ဘဲအောင်မြင်ခဲ့အောင်မြင်ခဲ့ ခေတ်အသစ်တစ်ခုမှာတော့ သူတို့ကလုံးဝအပယ်ခံ အဟောင်းဖြစ်သွားကြတယ်၊Starတွေဟာ သူတို့တောက်ပေအောင်ကြိုးစားကြတယ်။ တော်တော်လေးကိုလည်းတောက်ပကြတယ်။ ဒါပေမဲ့ ခေတ်တစ်ခုကြောင့်ဖြစ်စေ နောက်ထပ်တက်လာတဲ့ Starတွေရဲ့တောက်ပမှုတွေကြောင့်ဖြစ်စေ။ သူတို့ရဲ့တောက်ပမှုတွေက အချိန်တစ်ခုအကြာမှာမှေးမှိန်ကုန်ကြတယ်။ အဲလိုပဲ သူတို့ရဲ့နောက်ထပ်လာမဲ့Starတွေဟာလည်း မှိန်သွားတယ်၊ တောက်ပလာတယ်။ အဲလိုသံသရာလည်နေတဲ့ Industry ထဲ နောက်ဆုံးထိကျန်နေအာင်ကြိုစားကြတာပေါ့။

◼ Lead Actor ဖြစ်တဲ့ Diego ကတော့ ဒီလိုကျတစ်လှည့်မြင့်တစ်လှည် Industy ကြီးထဲမှာ survive လုပ်နိုင်သွားတယ်လို့ပြောရမယ် သူတောက်လျှောက်တွေ့ခဲ့တဲ့ နာမည်ကြီးStarတွေ ဘယ်လို့မှကျမရှုံးနိုင်ဘူးလို့ထင်တဲ့သူတွေအကုန်ကျရှုံးကုန်တယ်။ အဲလိုလူတွေကြားထဲမှာမှ သူကလွတ်မြောက်ခဲ့တာပေါ့။ (spoiler မပါအောင်ဒီလောက်ဘဲသိထားပါ)

◼ Lead actress ဖြစ်တဲ့ Margot တစ်ယောက်လည်း ဘာမှမရှိတဲ့ ဘဝကနေကြိုးစားပြီး starတစ်ယောက်ဖြစ်အောင်လုပ်ခဲ့တယ် အကြာကြီးကြိုးစားခဲ့ပေမဲ့ အောင်မြင်ချင်တော့လည်းအချိန်အတိုအတွင်းတန်းပေါက်သွားတယ်ပေါ့ ဒါပေမဲ့ Flim Industry တွေရဲ့ထုံးစံအတိုင်း ခေတ်တွေကချက်ချင်းပြောင်းလဲသွားနိုင်တယ် ဘယ်လောက်ဘဲအောင်မြင်ခဲ့အောင်မြင်ခဲ့ ခေတ်အသစ်တစ်ခုမှာတော့ Brad Pitt ရဲ့ဇာတ်ကောင်လို အပယ်ခံလည်းဖြစ်သွားနိုင်တယ်။

◼ နောက်ဆုံး Ending မှာပြောခဲ့သလို Star တွေဟာ သူတို့ရဲ့ဘဝခံယူချက်တွေက ခေတ်ကိုမလိုက်နိုင်တော့တဲ့အခါဘယ်လောက်ဘဲအောင်မြင်ခဲ့ပါစေ။ အချိန်တိုလေးအတွင်းမှာ အရာအာလုံးဆုံးရှုံးသွားနိုင်တယ်၊ ကိုယ်ရဲ့ကြိုးစားအားထုတ်မှုတွေ အောင်မြင်မှုတွေအတွက် ရပ်သင့်တဲ့အချိနိမှာရပ်လိုက်ရင် Babylon ဆိုတဲ့တစ်ခေတ်တစ်ခါက Hollywood ရဲ့ရွှေခေတ်မှာ ထာဝရတောက်ပနိုင်တယ်ဆိုတာ သေချာလေးပြသွားပါတယ်။

IMDb:7.4/10 | Rotten Tomatoes: 56%

MVE Score: 8/10

Harry ရေးသည်။



Post a Comment

0 Comments