Ridley Scott နဲ့ Joaquin Phonix ရဲ့ Napoleon ရုပ်ရှင်အကြောင်း ဘာတွေသိထားလဲ
◼ Gladiator ရုပ်ရှင်အပြီး ဆယ်စုနှစ်နှစ်ခုနီးပါးအကြာမှာ ဒါရိုက်တာ Ridley Scott နဲ့ သရုပ်ဆောင် Joaquin Phoenix တို့ဟာ Apple ရုပ်ရှင်သစ် Napoleon မှာ ထပ်မံဆုံတွေ့ကြပြီဖြစ်ပါတယ်။
◼ Napoleon ရုပ်ရှင်ကို မူလက Kitbag လို့ အမည်ပေးထားပေမယ့်လည်း နောက်ပိုင်းမှာ Napoleon အဖြစ် ပြောင်းလဲခဲ့ပါတယ်။ Napoleon ဟာ ပြင်သစ် military commander နပိုလီယံဘိုနာပတ်အကြောင်းကိုအဓိကဇာတ်အိမ်တည်ထားတာဖြစ်ပြီး Joaquin Phoenix က နပိုလီယံဘိုနာပတ် (Napoleon) အဖြစ်၊ မင်းသမီး Vanessa Kirby က Napoleon ရဲ့ ဇနီးသည် Josephine အဖြစ် ပါဝင်ထားကြပါတယ်။
◼ Napoleon ဟာ Napoleon တစ်ယောက် military commander တစ်ယောက် ဖြစ်လာပုံအဆင့်ဆင့်၊ Napoleon နဲ့ Josephine ကြားက သံယောစဥ်အခြေအနေတွေ၊ Napoleon တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေနဲ့ စစ်မှုရေးရာတွေအကြောင်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ Ridley Scott ဟာ ဒါရိုက်တာအဖြစ်သာမက ဇာတ်ညွှန်းကိုလည်း All the Money in the World ရဲ့ ဇာတ်ညွှန်းဆရာ David Scarpa နဲ့အတူ ပူးတွဲရေးသားထားပါသေးတယ်။ Napoleon ကို Scott Production နဲ့ Apple Studios တို့က ပူးတွဲထုတ်လုပ်တာဖြစ်ပါတယ်။ Napoleon ရဲ့ ရိုက်ကူးရေးကို ၂၀၂၂ ဖေဖော်ဝါရီမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၂ မေလမှာ ရိုက်ကူးရေးပြီးဆုံးခဲ့ပါတယ်။
◼ Napoleon ရဲ့ ပြသရက်ကိုတော့ တရားဝင်ကြေငြာထားခြင်းမရှိသေးပါဘူး။
Ref: IndieWire
McGarrett ရေးသည်။
0 Comments