Ballerina ဟာ Ana De Armas ရဲ့ နောက်ဆုံးအက်ရှင်ရုပ်ရှင်ဖြစ်လာတော့မှာလား
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။
◼ ကျူးဘားသရုပ်ဆောင် Ana De Armas ဟာ James Bond ရုပ်ရှင် No Time To Die နဲ့ Netflix ရုပ်ရှင် The Gray Man တို့လို အက်ရှင်ကားတွေမှာပါဝင်ထားသလို John Wick franchise ရဲ့ spin-off ရုပ်ရှင် Ballerina မှာလည်း အဓိကနေရာကနေပါဝင်ထားပါတယ်။
◼ Ana De Armas တစ်ယောက် အက်ရှင်ကားတွေမှာဆက်တိုက်သရုပ်ဆောင်နေရတာကို ငြီးငွေ့လာနေပုံပါပဲ။ Ballerina ရုပ်ရှင်အပြီး အနာဂတ်မှာတော့ Ana De Armas ဟာ အက်ရှင်ဇာတ်ကောင်တွေထက် Netflix ရုပ်ရှင် Blonde ရဲ့ Marilyn Monroe ဇာတ်ကောင်လို ဒရာမာအသားပေးဇာတ်ရုပ်တွေကိုပဲ ပိုမိုသရုပ်ဆောင်လိုကြောင်း Vanity Fair မဂ္ဂဇင်းနဲ့ ကာဗာစတိုရီမှာ မှတ်ချက်ပြုလာပါတယ်။
"Bond ပြီးသွားတဲ့နောက်ပိုင်း အက်ရှင်ဇာတ်ကောင်နေရာတွေက အလုံးလိုက်ကြီးရောက်လာကြတာပေါ့၊ ပျော်စရာတော့ကောင်းပါတယ်။ အဲဒီထဲကမှ ကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းစေမယ့်ဟာ၊ ကိုယ်နဲ့အလုပ်လုပ်ရတာအဆင်ပြေမယ့်လူတွေပါတဲ့ဟာမျိုးတွေကိုပဲ ရွေးချယ်ဖြစ်တာပေါ့။ Ballerina ကတော့ နောက်ဆုံးဖြစ်သွားမယ်နဲ့တူတယ်၊ ဘာလို့ဆို ကျွန်မက Blonde လို ရုပ်ရှင်မျိုးကိုသဘောကျနေတာပါ။ ဒါရိုက်တာတွေနဲ့လည်းအလုပ်လုပ်ချင်တယ်၊ ဇာတ်ကောင်အပေါ်လဲကြိုးစားချင်တယ်။ ကျွန်မမှာ ကိုယ်ကြိုက်တဲ့ဒါရိုက်တာနဲ့ရိုက်ကူးနိုင်တဲ့အခွင့်အရေးရှိနေတယ်လေ။"
◼ Blonde ဟာ ဝေဖန်ရေးသမားတွေကြားမှာရော၊ ပရိသတ်တွေကြားမှာပါ အဆိုးအကောင်းဝေဖန်မှုဒွိဟဖြစ်နေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Photo & Ref: Vanity Fair
McGarrett ရေးသည်။
0 Comments