Porpular

6/recent/ticker-posts

Black Panther: Wakanda Forever ကို ပြင်သစ်ကာကွယ်ရေးဝန်ကြီးမှ ပြစ်တင်ရှုတ်ချ

Black Panther: Wakanda Forever ကို ပြင်သစ်ကာကွယ်ရေးဝန်ကြီးမှ ပြစ်တင်ရှုတ်ချ

Marvel | ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
◼ Marvel ရုပ်ရှင်တစ်ကားဖြစ်တဲ့ Black Panther: Wakanda Forever မှာ ပြင်သစ်စစ်တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖရိကကိုသွားရောက်တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Sébastien Lecornu က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
◼ Sébastien Lecornu က ၎င်းရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် Black Panther: Wakanda Forever ရုပ်ရှင်ကို အခုလိုပြစ်တင်ဝေဖန်လာပါတယ်။
"ကျွန်တော်တို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကို အထင်အမြင်လွဲမှားအောင် မှားယွင်းစွာဖော်ပြထားမှုနဲ့ပတ်သက်ပြီး ကျွန်တော်ပြစ်တင်ရှုတ်ချပါတယ်။ Mali မှာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရင်းနဲ့ကျဆုံးခဲ့ရတဲ့ ပြင်သစ်စစ်သည် ၅၃ ယောက်ကို ကျွန်တော် လေးစားဂုဏ်ပြုနေပါတယ်။"
◼ Black Panther: Wakanda Forever မှာ နယ်ချဲ့ကျူးကျော်သူတွေက အာဖရိကန်နိုင်ငံတစ်ခုဖြစ်တဲ့ ဝါကန်ဒါနိုင်ငံကို သယံဇာတအရင်းအမြစ်အတွက် လာရောက်ကျူးကျော်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရိုက်ကူးခဲ့ပါတယ်။
◼ Black Panther: Wakanda Forever ရုပ်ရှင်မှာ လာရောက်တိုက်ခိုက်ခဲ့တဲ့ပြင်သစ်စစ်သားတွေရဲ့ဝတ်စုံတွေဟာ ၁၉၉၁ Gulf War မှာ ပြင်သစ်စစ်သားများဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေနဲ့ဆင်တူဖြစ်နေကြောင်းသိရပါတယ်။
Ref: THR
Sub-Zero ရေးသည်။



Post a Comment

0 Comments