Dark နဲ့ 1899 ရဲ့ ဖန်တီးသူများက Netflix ဇာတ်လမ်းတွဲသစ်တစ်ခုကို ကိုင်တွယ်သွားမယ်
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။
◼ Netflix ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ Dark နဲ့ 1899 တို့ရဲ့ ဖန်တီးသူတွေဖြစ်ကြတဲ့ Baran bo Odar နဲ့ Jantje Friese တို့ဟာ Netflix အတွက် နောက်ထပ်ဇာတ်လမ်းတွဲသစ်တစ်ခုကို ထုတ်လုပ်ပေးဖို့ပြင်ဆင်နေပါတယ်။
◼ Boom Studios ကနေ ဖြန့်ချိတဲ့ comic တစ်ခုဖြစ်တဲ့ Something is killing the Children ကို Baran bo Odar နဲ့ Jantje Friese တို့က ဇာတ်လမ်းတွဲတစ်ခုအဖြစ်ဖန်တီးပြီး Netflix မှာ ပြသဖို့ပြင်ဆင်နေကြောင်း The Hollywood Reporter သတင်းအရ သိရပါတယ်။
◼ Something is killing the Children ဇာတ်လမ်းတွဲကို အပိုင်းရှစ်ပိုင်းပါဇာတ်လမ်းတွဲတစ်ခုအဖြစ် ဖန်တီးနေကြောင်းသိရပြီး Baran bo Odar နဲ့ Jantje Friese တို့ကပဲ ဇာတ်လမ်းရေးသားပြီး Showrunner တွေအဖြစ်ပါ ပူးတွဲတာဝန်ယူသွားကြမှာပါ။
◼ Something is killing the Children Comic ကို James Tynion IV နဲ့ Werther Dell’Edera တို့က ဖန်တီးထားတာဖြစ်ပြီး comic ရဲ့ ဇာတ်လမ်းသဘောကတော့ မြို့တစ်မြို့ကိုမကောင်းဆိုးဝါးတွေရောက်ရှိလာပြီး မြို့ထဲက ကလေးတွေကိုစားသောက်ပစ်တဲ့အကြောင်းနဲ့ အသက်ရှင်ကျန်ရစ်တဲ့ကလေးတစ်ယောက်က မကောင်းဆိုးဝါးတွေအကြောင်းပြောပြပေမယ့်လည်း ဘယ်သူမှမယုံကြတဲ့အဖြစ်အပျက်အကြောင်းကိုဇာတ်အိမ်တည်ထားတာပါ။
◼ Something is killing the Children ရဲ့ ပြသရက်ကိုတော့ကြေငြာထားခြင်းမရှိသေးပါဘူး။
Ref: The Hollywood Reporter
McGarrett ရေးသည်။
0 Comments