Will Smith ကြောင့် လာမယ့်အော်စကာပွဲမှာ crisis team အရန်သင့်ပြင်ဆင်ထား
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။
◼ ပြီးခဲ့တဲ့ ၂၀၂၂ မှာကျင်းပခဲ့တဲ့ ၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ သရုပ်ဆောင် Will Smith ဟာ အစီအစဉ်တင်ဆက်နေတဲ့ Comedian တစ်ယောက်ဖြစ်တဲ့ Chris Rock ကို အခမ်းအနားကျင်းပနေစဥ်မှာပဲ စင်ပေါ်တက်ပြီးပါးရိုက်ခဲ့တဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
◼ အဲဒီအဖြစ်အပျက်ကြောင့်ပဲ အော်စကာဘုတ်အဖွဲ့ဟာ လာမယ့် ၂၀၂၃ မှာကျင်းပမယ့် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အလားတူအဖြစ်အပျက်တွေဖြစ်မလာအောင်၊ ပဋိပက္ခဖြစ်စဥ်ဖြစ်ပွားလာတဲ့အခါ အမြန်ဆုံးဖြေရှင်းနိုင်အောင် crisis management team တစ်ခု ဖွဲ့စည်းထားကြောင်း အော်စကာဆုဖြစ်မြောက်ကျင်းပရေးဆိုင်ရာ chief executive အမှုဆောင်တစ်ယောက်ဖြစ်တဲ့ Bill Kramer က ပြောပြလာပါတယ်။
"မနှစ်ကဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် အော်စကာမှာဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့မျက်စိပွင့်သွားတယ်ဗျ။ သူတို့တွေ (crisis management အဖွဲ့)က အမြန်ဆုံးတုံ့ပြန်နိုင်ပါလိမ့်မယ်။ ပြဿနာတစ်ခုမှဖြစ်မလာဖို့နဲ့ ဒီအစီအစဥ်တွေကိုအသုံးမချရဖို့ပဲမျှော်လင့်ပါတယ်၊ ဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ဘက်က ပြုပြင်နိုင်မယ့်မူဝါဒတွေချမှတ်ထားပါတယ်။"
◼ Will Smith ရဲ့ ဇနီးသည် သရုပ်ဆောင် Jada Pinkett Smith ကို Chris Rock က ကျီစယ်ခဲ့တဲ့အတွက် Will Smith က Chris Rock ကို စင်ပေါ်တက်ပြီးပါးရိုက်ခဲ့တာပါ။ အဲဒီဖြစ်စဥ်ကြောင့် Will Smith ဟာ အော်စကာဆုပေးပွဲကို လူကိုယ်တိုင်ဖြစ်စေ၊ ဗွီဒီယိုမှဖြစ်စေ တက်ရောက်ခွင့် ဆယ်နှစ်အပိတ်ခံခဲ့ရပါတယ်။
◼ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လာမယ့် မတ် ၁၂၊ ၂၀၂၃ မှာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလစ်စ်မြို့က Dolby Theatre မှာ ကျင်းပသွားမှာပါ။
Ref: BBC
McGarrett ရေးသည်။
0 Comments