Porpular

6/recent/ticker-posts

Resident Evil 4 Remake ထွက်ရန် တစ်လသာလိုတော့သည်

Resident Evil 4 Remake ထွက်ရန် တစ်လသာလိုတော့သည်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

◼ Capcom ရဲ့ Resident Evil Series ထဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ Resident Evil 4 ကိုပြန်ပြီး Remake လုပ်ထားတဲ့ Resident Evil 4 Remake ကတော့ နောက်လ ၂၄ရက်နေ့ဆိုရင် သက်ဆိုင်ရာ Game store တွေဆီရောက်လာတော့မှာပါ။

◼ Resident Evil 2 နဲ့ 3 လို Fixed Camera Game အမျိုးအစားတွေကို Third Person Perspective ပုံစံ Remake လုပ်ခဲ့ပေမယ့် Resident Evil 4 လို မူလကတည်းက Third Person perspective နဲ့လာတဲ့ဂိမ်းကို Remake လုပ်မယ်လို့ကြေငြာခဲ့တဲ့အချိန်တုန်းက ပရိတ်သတ်တွေကြား ဝေဖန်သံတွေဆူညံသွားခဲ့ပါသေးတယ်။

"တခြား Remake စရာ RE game တွေရှိနေတာပဲ၊ ဒါက Remake မလိုလောက်အောင်ကောင်းပြီးသားကို ဘာလို့ Remake တာလဲ။ Code Veronica Remake လုပ်ပါလား။ Resident evil 0 နဲ့ 1 ကို လည်း Remake လုပ်ပါလား " အစရှိတဲ့ ဝေဖန်သံတွေကို ဂရုမစိုက်ပဲ ရှေ့ဆက်တိုးခဲ့တဲ့ Resident Evil 4 remake ရဲ့ ပထမဆုံး Trailer ကို ၂၀၂၂ အောက်တိုဘာလမှာ ပထမဆုံး လူထုဆီချပြခဲ့ပါတယ်။

◼ မူရင်းထက် ပို dark, ပိုကြောက်ဖို့ကောင်းပြီး ပိုမိုက်တဲ့ Texture တွေကြောင့် ဝေဖန်သံတွေတိတ်သွားပြီး ပရိတ်သတ်တွေ အရမ်း Hype လာကြတာကြောင့် ၂၀၂၂ခုအတွက် The Game Award for Most Anticipated Game (လူစိတ်အဝင်စားဆုံးဂိမ်း) ဆုအတွက် ဆန်ကာတင်စာရင်းဝင်သွားခဲ့ပါသေးတယ်။

◼ ဇာတ်လမ်းပိုင်းကိုတော့ ပြောင်းလဲမှုရှိမရှိမသေချာပေမယ့် Resident Evil 2 နဲ့ 3 remake မှာ တချို့နေရာတွေပြောင်းလဲထားတာကြောင့် Resident Evil 4 remake မှာလည်း အနည်းငယ်ပြောင်းလဲထားမယ်လို့ထင်ပါတယ်။

◼ မူရင်းဇာတ်လမ်းကတော့ အမေရိကန် သမ္မတရဲ့ သမီး Ashley Graham ကို စပိန်နိုင်ငံတစ်နေရာက ဘာသာရေးဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတာကြောင့် သမ္မတက သူ့သမီးကိုကယ်ဖို့ လျှို့ဝှက်အေးဂျင့် Leon S Kennedy ကို တာဝန်ပေးလိုက်ရာကနေ စပါတယ်။ 

◼ အဲ့ဒီဒေသက ဒေသခံတွေဟာ Las Plagas လို့ခေါ်တဲ့ ရှေးဟောင်း ကပ်ပါးကောင်ကူးစက်ခံနေရပြီး သူတို့နယ်ထဲဝင်လာတဲ့ လူစိမ်းမှန်သမျှရန်ပြုသတ်ဖြတ်ပစ်တာကြောင့် Leon တစ်ယောက် ဘာသာရေးဂိုဏ်းလက်ထဲက Ashley ကိုကယ်ဖို့ အဲ့ဒီရွာသားတွေကိုပါရင်ဆိုင်ရပါတော့တယ်။မိတ်ဆွေသစ် မိတ်ဆွေဟောင်းတွေနဲ့တွေ့ဆုံရင်း ဂိမ်းတစ်လျှောက် Action နဲ့ Horror မျှမျှတတ ရောစပ်​ပေါင်းထည့်ထားတာမို့ Ps2 ခေတ်ကတည်းက ဆုပေါင်းများစွာကိုအပိုင်သိမ်းနိုင်ခဲ့တဲ့ ဂိမ်းတစ်ခုပါပဲ။

◼ ၂၀၂၃၊ မတ်လ ၂၄ရက်နေ့မှာတော့ Resident Evil 4 Remake ဟာ Ps5 ,Ps4 ,Xbox x/s series နဲ့ Windows Pc တို့ရဲ့ သက်ဆိုင်ရာ Game Store တွေပေါ်မှာ ရောက်လာတော့မှာပါ။

ကိုခွေး ရေးသည်။ 



Post a Comment

0 Comments