Porpular

6/recent/ticker-posts

၂၀၂၂ နှစ်လည်ပိုင်းမှာ ပေါက်ကြားလာတဲ့ DC ရုပ်ရှင် The Flash ရဲ့ ဇာတ်ညွှန်းအကြောင်း

၂၀၂၂ နှစ်လည်ပိုင်းမှာ ပေါက်ကြားလာတဲ့ DC ရုပ်ရှင် The Flash ရဲ့ ဇာတ်ညွှန်းအကြောင်း

(SPOILER သတိပြုပါ)
DC | ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။
The Flash ရုပ်ရှင်  Trailer ထွက်လာပြီဆိုတော့ အားလုံးပဲ ကြည့်ပြီးကြပြီလို့ထင်ပါတယ်။
ကျွန်တော်တို့ MVE ကနေ ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ ၂၀၂၂ နှစ်လယ်လောက်က ပေါက်ကြားလာတဲ့ The Flash ရုပ်ရှင်ရဲ့ဇာတ်ညွှန်းပဲဖြစ်ပါတယ်။ အစကတော့ ကျွန်တော်တို့လည်း အဲဒီဟာကို အတုလို့ပဲထင်ခဲ့ပေမယ့် Trailer ထွက်လို့ကြည့်လိုက်တဲ့အခါမှာ ဆင်တူအချက်အလက်လေးတွေပါဝင်နေတာကိုတွေ့ရတဲ့အတွက် အခုလိုတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခု ကြိုတင်သတိပေးလိုတာက Warner Bros. ရဲ့ တရားဝင် script မဟုတ်ပဲ ပေါက်ကြားလာတဲ့ script ဖြစ်တဲ့အတွက် ဒီအကြောင်းအရာဟာ ရာနှုန်းပြည့် လုံးလုံးမှန်ပါတယ်လို့မပြောနိုင်ပါဘူး။ ရုပ်ရှင်ကိုပိုပြီးစိတ်ဝင်စားသူတွေအနေနဲ့ လေ့လာစေနိုင်ဖို့အတွက် ဖော်ပြပေးထားတာပါ။
သို့ပေမယ့် မှန်ရင်လည်းမှန်သွားနိုင်တာမို့လို့ Spoiler မကြိုက်တဲ့သူတွေ ကျော်သွားသင့်ပါတယ်။
ကိုခွေး ရေးသည်။




ရုပ်ရှင်ရဲ့အစပိုင်းမှာ Ben Afleck Batman နဲ့ Barry တို့နှစ်ယောက်ကို ပူးတွဲမြင်ရမှာပါ။ Batman ရဲ့ Action တစ်ခုနဲ့ရုပ်ရှင်ကိုစဖွင့်မယ်လို့ထင်ရပါတယ်။
Barry ကို Bruce က Time travel လုပ်ခြင်းရဲ့ဆိုးကျိုးတွေကိုပြောပြပြီးတရားချဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း Barry ဟာ Time Travel လုပ်ခဲ့ပြီး သူ့ အမေကိုကယ်ဖို့ အတိတ်ကိုပြန်သွားခဲ့ပါတယ်။


သူ့အမေကိုကယ်ပြီး လက်ရှိအချိန်ကိုပြန်လာတဲ့အချိန်မှာ တခြား Flash တစ်ကောင်ကြောင့် Speed force ထဲကနေ လမ်းချော်သွားပြီး မတူညီတဲ့ Timeline တစ်ခုရဲ့ ၂၀၁၃ ခုနှစ်မှာ ပိတ်မိသွားပါတယ်။ အဲ့ဒီ့ Timeline မှာ တခြား Barry Allen တစ်ယောက်လည်းရှိနေပြီး သူ့အမေလည်းမသေခဲ့ပါဘူး။


သူ့မိသားစုပျော်ပျော်ရွှင်ရွှင် ရှိနေတာ မြင်ရလို့ ဝမ်းသာနေတုန်းမှာပဲ General Zods ကြီး ပေါ်လာပါတယ်။ ဒါပေမဲ့ Superman ကတော့ပေါ်မလာပါဘူး။ General Zods ရဲ့ ရည်ရွယ်ချက်က Superman နဲ့အတူပါလာတဲ့ krypton ဂြိုလ်ရဲ့ Codex ကိုသုံးပြီး ကမ္ဘာကို Krypton ဂြိုလ်အဖြစ်ပြောင်းလဲပစ်ချင်နေတာမို့လို့ Barry လည်း မဖြစ်တော့ဘူးဆိုပြီး Justice League ကို ကိုယ်တိုင် တည်ထောင်ဖို့ကြိုးစားပါတယ်။


သူလူလိုက်စုဖို့ကြိုးစားပေမယ့် Wonder women ကို ရှာမတွေ့ပါဘူး။ Cyborg ဖြစ်လာမယ့် Victor Stone ကလည်း မတော်တဆမှု မဖြစ်ပဲ သာမာန်လူအနေနဲ့အသက်ရှင်နေထိုင်နေပါတယ်။ Aquaman ကတော့ ဘယ်တုန်းကမှမွေးမလာခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီ့ Timeline က Barry 2 ရဲ့ကျေးဇူးနဲ့ Batman တော့ တည်ရှိနေတာကိုသိလိုက်ရပါတယ်။ အဲ့ဒီ Timeline က Barry 2 က မိုးကြိုးပစ်မခံရတာကြောင့် Speedster ဖြစ်မလာခဲ့ပါဘူး။


Barry 1 နဲ့ Barry 2 က Wayne စံအိမ်ကိုသွားပြီး Bruce Wayne နဲ့တွေ့ပြီးစကားပြောဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ Bruce က သူသိတဲ့ Bruce Wayne မဟုတ်ပဲ အသက်ကြီးကြီး ဆံပင်အရှည်နဲ့ Michael Keaton Batman ဖြစ်နေပါတယ်။ Gotham မြို့ဟာ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးမြို့ဖြစ်နေပြီး Batman ကို မလိုတော့တာမို့လို့ Batman အဖြစ်က အနားယူတာ ကြာပြီလို့ပြောပြလာပါတယ်။ Barry 1 က သူ Time Travel လုပ်ခဲ့ကြောင်းပြောပြလိုက်တော့ Bruceက အချိန်ဆိုတာ ဘယ်အချိန်မဆို အရေးပါကြောင်း။ အချိန်စီးကြောင်းထဲက တစ်ခုခုကိုပြောင်းလဲလိုက်ရင် အတိတ်ကိုရော အနာဂါတ်ကိုရော သက်ရောက်မှုတွေရှိလာနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ တခြား မတူညီတဲ့ အချိန်စီးကြောင်းတစ်ခုမှာ နေလို့ရပေမယ့် တချို့အဖြစ်အပျက်တွေကတော့ ဖြစ်ကိုဖြစ်လာမှာပဲလို့ ပြောပါတယ်။


အစပိုင်းမှာတော့ Bruce က ကူညီပေးဖို့ငြင်းဆန်ခဲ့တာကြောင့် Barry နှစ်ယောက်က ကိုယ့်ဘာ့သာ Superman ရဲ့ သတင်းအစအနကိုရှာဖို့ Batcomputer ကနေ NASAကို Hack ပြီး Krypton ယာဉ်ပျက်ကျတဲ့နေရာကိုရှာပါတယ်။
ဆိုက်ဘေးရီးယားကစခန်းတစ်ခုမှာ အဲ့ဒီယာဉ်နဲ့တကွ ပါလာတဲ့ဂြိုလ်သားကိုပါ ထိန်းသိမ်းထားတယ်လို့သိရလို့ သူတို့သွားဖို့ပြင်နေတုန်းမှာပဲ Bruce ကပါလိုက်ချလာပြီး Batwing ကြီးနဲ့ သုံးယောက်သား ဆိုက်ဘေးရီးယားကို ဒိုးကြပါတော့တယ်။


ဆိုက်ဘေးရီးယားကိုရောက်တော့ အဲ့ဒီမှာအဖမ်းခံထားရတာက Clark မဟုတ်ပဲ မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ်။


သူက အတော်လေး အားနည်းနေလို့ အပြင်ကိုကယ်ထုတ်လာခဲ့ပါတယ်။ အပြင်ကိုရောက်တော့ နေရောင်ခြည်နဲ့ထိတွေ့ပြီးခွန်အားတွေ ပြန်ရလာတာကြောင့် စစ်သားတွေကိုသမပြီး ထွက်ပြေးလာကြပါတယ်။


Wayne စံအိမ်ကိုပြန်ရောက်တော့ မိန်းကလေးက သူ့နာမည် Kara Zor-El ဖြစ်ကြောင်း၊ Kal El ရဲ့အစ်မဝမ်းကွဲ တော်စပ်ကြောင်း၊ Kal El ရဲ့ ယာဉ်ပျံထွက်ခွာပြီးမကြာခင်မှာပဲ သူ့ယာဉ်ပျံလည်း Krypton ဂြိုလ်ကနေထွက်လာခဲ့ကြောင်း၊ Kal-El ရဲ့ ယာဉ်နဲ့ ကွဲကွာသွားခဲ့တာမို့ သူအခုဘယ်မှာလဲဆိုတာမသိကြောင်းပြောပြလာပါတယ်။


ဒီလိုနဲ့ ရှိတဲ့သူနဲ့ပဲ ရအောင်တိုက်ရတော့မှာမို့လို့ Barry 2 ကို Speed force နဲ့ချိတ်မိပြီး Speedster ဖြစ်အောင်ကြံစည်ကြပါတော့တယ်။ မိုးကြိုးမပစ်ရင်ပစ်အောင်လုပ်ပြီး နောက်ဆုံး Speed Force ကြီးနဲ့ချိတ်ဆက်သွားချိန်မှာတော့ Flash နှစ်ကောင်ရယ် ၊ Supergirl ရယ်၊ Batman ရယ် ၄ယောက်သား General Zods တို့ရှိတဲ့ သဲကန္တာရကြီးထဲကိုသွားကြပါတယ်။


General Zods ရဲ့ပြောပုံအရ Kal El ရဲ့ ယာဉ်ကို သူတို့ရှာတွေ့ခဲ့ပြီး ကလေးအရွယ် Kal Elလေးကိုသတ်ပစ်ခဲ့ကြောင်း၊ Krypton ဂြိုလ်ရဲ့ Codex ကိုရှာပေမယ့်မတွေ့ခဲ့ကြောင်း၊ အဲ့ဒီ Codex က Kara ဆီမှာပါသွားကြောင်း ပြောခဲ့ပါတယ်။


Flash 2ကောင်ရယ် Supergirl ရယ်၊ Batman ရယ်ကတစ်ဖက် General Zods တို့ စစ်တပ်ကြီးကတစ်ဖက် ချကြရင်း Supergirl နဲ့ Batman သေသွားပါတယ်။


Flash နှစ်ယောက်က အချိန်နောက်ပြန်သွားပြီး Batman နဲ့ Supergirl ကိုကယ်ဖို့ကြိုးစားခဲ့ပေမယ့် မကယ်နိုင်ပဲ ထပ်သေပြန်ပါတယ်။ Barry 1 က ဒါဟာပြောင်းလဲလို့မရတဲ့ ၊ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စပဲဆိုပြီး လက်ခံနိုင်သွားပေမယ့် Barry 2က တော့ လက်မခံပဲ Supergirlကိုကယ်ဖို့ အချိန်ကိုနောက်ပြန်သွားပြီး ထပ်ကာထပ်ကာကြိုးစားနေပါတယ်။
သူကယ်ဖို့ကြိုးစားတိုင်း kryptonဂြိုလ်သားတွေနဲ့တိုက်ခိုက်ရတာမို့လို့ ဒဏ်ရာတွေတဖြည်းဖြည်းများလာပြီး ခြေကုန်လက်ပမ်းကျလာခဲ့ပါတယ်။


Barry 1 က ဆုံးရှုံးလိုက်ရတာတွေအတွက် ဆုပ်ကိုင်မထားတော့ပဲ လက်လွှတ်ဖို့လိုအပ်ကြောင်း Barry 2 ကို တရားချနေတုန်းမှာပဲ ရုပ်ရှင်အစပိုင်းက Flash နောက်တစ်ကောင်ပေါ်လာပါတယ်။ သူကတော့ Barry 2 ရဲ့ Future Version Evil Flash ဖြစ်ပြီး Barry 1 ကို Speedforceထဲက လမ်းချော်အောင်လုပ်တာကလည်း သူပါပဲ။ Evil Flash ပြောပုံအရ သူဟာ Supergirl နဲ့ Batman ကိုကယ်ဖို့ နှစ်ပေါင်းများစွာ အချိန်​နောက်​ပြန်သွား​ပြီးကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကယ်လို့မရပဲ Timetravel လုပ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ Universe တွေအချင်းချင်းတိုက်မိပြီး ပျက်စီးကုန်တာကို တွေ့ရပါတယ်။ Speedforce ထဲမှာမြင်ရတဲ့တခြားကမ္ဘာက စူပါဟီးရိုးတွေအနေနဲ့ Christopher Reeves ရဲ့ Superman ၊ Adam west ရဲ့ Batman နဲ့ Lynda Carter ရဲ့ Wonder women တို့ကိုမြင်ရပါမယ်။


Evil Flashက သူ အရင်အကြိမ်တွေအကုန်လုံးကျရှုံးခဲ့တဲ့အကြောင်းရင်းက ဖြစ်စဉ်တိုင်းမှာ Barry 1 က အသက်ရှင်နေတာမို့လို့ ဒီတစ်ခါ Barry 1 သေရင် Supergirl ကိုကယ်လို့ရလောက်တယ်လို့တွေးပြီး Barry 1 ကိုသတ်ဖို့လုပ်ပါတော့တယ်။ ဒါပေမဲ့ Barry 2 ကကြားဝင်ခံလိုက်တာကြောင့် Barry 1 မသေပဲ Timeline တစ်ပတ်လည်ပြီး Evil Flash ပျောက်သွားပါတယ်။ Barry 2 ဟာလည်း Barry 1 ရဲ့လက်ထဲမှာသေသွားပါတယ်။


ဒါကြောင့်ပဲ Barry ဟာ သူသာ သူ့အမေကိုမကယ်ခဲ့ရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူးဆိုပြီး အချိန်နောက်ပြန်သွားပြီး သူ့အမေကိုကယ်ဖို့လုပ်နေတဲ့ သူ့ကိုယ်သူတားခဲ့ပါတယ်။ ပြီးတော့သူ့မူလTimeline ကသူ့တိုက်ခန်းကိုပြန်ပါတယ်။


နောက်တစ်နေ့မနက်မှာ Barry Allen တစ်ယောက် သူ့အဖေ Henry Allen ရဲ့ အမှုကိုကြားနာဖို့တရားရုံးတက်ပါတယ်။ သူ့အဖေရဲ့အမှုအတွက် သက်သေ Video ဖိုင်က သူ့အဖေရဲ့မျက်နှာမသဲကွဲတာကြောင့် အလီဘိုင်ပြမရတော့မလိုဖြစ်ခဲ့ပေမယ့် Wayne Enterprise ရဲ့ နည်းပညာအကူအညီနဲ့ မျက်နှာပေါ်အောင် လုပ်လိုက်နိုင်တာမို့ သူ့အဖေ အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားပါတယ်။


သူတို့တရားရုံးရှေ့မှာအောင်ပွဲခံနေတုန်းမှာ Bruce Wayne ရဲ့ကား ရောက်လာတာမို့လို့ Barry တစ်ယောက် ကားဆီ အားရဝမ်းသာပြေးသွားခဲ့ပေမယ့် ကားပေါ်ကဆင်းလာတာ Michael Keaton Bruce Wayne ဖြစ်နေပါတယ်။ Barry လည်း အူကြောင်ကြောင်ဖြစ်သွားပြီး အနားတဝိုက်ကို မျက်လုံး ဝေ့ကြည့်လိုက်တော့ Gal Gadot ရဲ့ Wonder Woman ပုံပါတဲ့ Bus ကားကြီးဖြတ်သွားတာတွေ့လိုက်ရပါတယ်။ Supergirl ကလည်း သူတို့အနားပျံဆင်းလာပါတယ်။ Bruce Wayne က Barry ကို မင်း အလုပ်စဖို့အသင့်ပဲလား လို့ မေးလိုက်တဲ့အချိန်မှာ Barry ကပြုံးလိုက်ပြီးရုပ်ရှင်အဆုံးသတ်သွားပါတယ်။


mid credit scene က Aquaman ကအရက်မူးနေပြီး Barry က စကားပြောနေပါတယ်။ ​Barry က အရင်တုန်းက သူနေလာခဲ့တဲ့ Universe အကြောင်းပြောပြနေပြီး Aquaman ကတော့ Supergirl က Superman ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့စကားအပေါ် အူကြောင်ကြောင်ဖြစ်နေပါတယ်။


Post credit scene ကတော့ Barryအိမ်ပြန်လာတုန်း သူ့ တိုက်ခန်းထဲက moniter Screen တွေဟာ ရုတ်တရက် Glitch တွေထလာပြီး Ben Affleck Batman ကြီးပေါ်လာပါတယ်။ သူက" Barry မင်းဒီဟာကိုမြင်နိုင်ပါ့မလားတော့ငါမသိဘူး ။ ဒါပေမယ့် မြင်ခဲ့မယ်ဆိုရင် ငါတို့ကို လာရှာပါ " လို့ပြောပြီး အဆုံးသတ်သွားပါတယ်။


Warner Bros. ရဲ့ တရားဝင် script မဟုတ်ပဲ ပေါက်ကြားလာတဲ့ script ဖြစ်တဲ့အတွက် ဒီအကြောင်းအရာဟာ ရာနှုန်းပြည့် လုံးလုံးမှန်ပါတယ်လို့မပြောနိုင်ပါဘူး။ ရုပ်ရှင်ကိုပိုပြီးစိတ်ဝင်စားသူတွေအနေနဲ့ လေ့လာစေနိုင်ဖို့အတွက် ဖော်ပြပေးထားတာပါ။

သို့ပေမယ့် မှန်ရင်လည်းမှန်သွားနိုင်တာမို့လို့ Spoiler မကြိုက်တဲ့သူတွေ ကျော်သွားသင့်ပါတယ်။

Post a Comment

0 Comments