Porpular

6/recent/ticker-posts

ကြေညာမထားသော DC ပရောဂျက်နှစ်ခု ရှိနေသေးသည်ဟု James Gunn ပြော

ကြေညာမထားသော DC ပရောဂျက်နှစ်ခု ရှိနေသေးသည်ဟု James Gunn ပြော


DC | ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

◼ DC Universe သစ်ရဲ့ ပရောဂျက်ဆယ်ခုကို ကြေငြာလာပြီးတဲ့နောက်မှာ DC Studios ရဲ့ co-CEO နဲ့ co-chair James Gunn ဟာ DC Universe သစ်အတွက် ကြေငြာထားခြင်းမရှိသေးတဲ့ ပရောဂျက်နှစ်ခုကျန်နေသေးကြောင်းပြောပြလာပါတယ်။

◼ DC Studios ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ James Gunn က DC Universe သစ်အတွက် ကြေငြာမထားရသေးတဲ့ ပရောဂျက်နှစ်ခုကျန်နေသေးပြီး အဲဒီနှစ်ခုထဲကတစ်ခုဟာ ၎င်းအကြိုက်ဆုံးပရောဂျက်ဖြစ်ကြောင်း ပြောပြလာခဲ့တာပါ။ 

◼ အဲဒီပရောဂျက်နှစ်ခုရဲ့နာမည်ကိုတော့ ထုတ်ဖော်ပြောပြလာခြင်းမရှိခဲ့ပါဘူး။

◼ ၂၀၂၃ ဖေဖော်ဝါရီလဆန်းပိုင်းမှာ James Gunn ဟာ DC Universe သစ်ရဲ့ ပထမခြေလှမ်း Chapter 1: Gods and Monsters ကို ​ကြေငြာခဲ့ပြီး ရုပ်ရှင်ငါးခု၊ series လေးခုနဲ့ animated show တစ်ခု ပါဝင်ပါတယ်။

Ref: CBR

Sub-Zero ရေးသည်။

DC Universe ရဲ့ Chapter 1: Gods and Monsters အကြောင်းကို ဒီမှာဖတ်ရှုနိုင်ပါတယ်။





Post a Comment

0 Comments