DC Universe သစ်မှာ Batman က Superman ထက် အသက်ကြီးမယ်
DC | ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။
◼ ဖေဖော်ဝါရီလဆန်းပိုင်းက ဒါရိုက်တာ James Gunn နဲ့ ထုတ်လုပ်သူ Peter Safren တို့ ကြေငြာလိုက်တဲ့ DC Universe သစ်ရဲ့ ပထမဆုံးပရောဂျက်ဆယ်ခုမှာ Superman ရုပ်ရှင်သစ် Superman: Legacy နဲ့ Batman ရုပ်ရှင်သစ် The Brave and the Bold တို့ ပါဝင်ပါတယ်။
◼ DC Universe အသစ်မှာတွေ့ရမယ့် Superman နဲ့ Batman တို့ရဲ့ အသက်အရွယ်နဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့မေးမြန်းလာမှုကို ဒါရိုက်တာ James Gunn က Twitter ကနေတစ်ဆင့် အတည်ပြုလာပါတယ်။
◼ အဆိုပါအတည်ပြုချက်အရ Superman ဟာ အသက်လေးဆယ်အောက်အရွယ်သာရှိမှာဖြစ်ပြီး Batman ကတော့ Superman ထက် အသက်၂နှစ်ခန့်ကြီးမှာဖြစ်ကြောင်းသိရပါတယ်။
◼ DC Universe ရဲ့ ပထမဆုံးပရောဂျက်၊ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Superman: Legacy ကို James Gunn ကိုယ်တိုင်ဇာတ်လမ်းရေးသားမှာဖြစ်ပြီး ဇူလိုင် ၁၁၊ ၂၀၂၅ မှာ ရုံတင်သွားမှာပါ။ Superman: Legacy အတွက် Superman သရုပ်ဆောင်နဲ့ တရားဝင်ဒါရိုက်တာနေရာတွေကို ယခုအထိရွေးချယ်ထားခြင်းမရှိပေမယ့် Superman တစ်ယောက် လူသားဘဝနဲ့ ခရစ်ပတွန်သားတစ်ယောက်ရဲ့ ဘက်ညီမှုကိုအဓိကပြသမှာဖြစ်ပါတယ်။
◼ The Brave and the Bold ဟာ DC Universe အသစ် အတွက် ကိုယ်ပိုင် Batman ကို စတင်မိတ်ဆက်မယ့်ရုပ်ရှင်ဖြစ်ပြီး Batman အပြင် Batman ရဲ့ သားဖြစ်သူ Damien Wayne ကို ပါ မိတ်ဆက်ပြသပေးမှာပါ။ The Brave and the Bold ရဲ့ ပြသရက်ကိုတော့မသိရသေးပါဘူး။
Ref: Twitter
Sub-Zero ရေးသည်။
0 Comments