Porpular

6/recent/ticker-posts

Bruce Willis ရဲ့ ရောဂါဇာစ်မြစ်ကို ရှာတွေ့သွားပြီ လို့ မိသားစုဝင်များပြော

Bruce Willis ရဲ့ ရောဂါဇာစ်မြစ်ကို ရှာတွေ့သွားပြီ လို့ မိသားစုဝင်များပြော

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။
◼ မင်းသားကြီး Bruce Willis ဟာ ဘာသာစကားနားလည်မှတ်မိနိုင်စွမ်းနဲ့ စကားပြောဆိုဆက်ဆံနိုင်စွမ်း ဆုံးရှုံးသွားစေတဲ့ Aphasia ရောဂါလက္ခဏာ​တွေကြောင့် မနှစ်က  အနုပညာလောကကနေအနားယူသွားတာကို အားလုံးပဲ မှတ်မိကြမှာပါ။
◼ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာတော့ သူ့ရဲ့မိသားစုကနေ ဒီရောဂါရဲ့ဇစ်မြစ်ကိုရှာတွေ့ပြီဖြစ်ကြောင်းကြေငြာလာပါတယ်။ ဒီလို လက္ခဏာတွေပြနေတာဟာ frontotemporal dementia လို့ခေါ်တဲ့ ဦးနှောက်ရောဂါတစ်မျိုးကြောင့်ဖြစ်ပြီး ရောဂါဇစ်မြစ်ကိုရှာတွေ့လို့စိတ်အေးရကြောင်း အဆိုပါကြေငြာချက်မှာရေးသားထားပါတယ်။
" ၂၀၂၂ ခုနှစ်နွေဦးတုန်းက ဘရုစ်ရဲ့ Aphasia ရောဂါတွေ့ရှိမှုကို ကြေညာခဲ့ပြီးနောက်ပိုင်း ဘရုစ်ရဲ့အခြေအနေကတိုးတက်လာခဲ့ပါတယ်။ အခုဆို ပိုပြီးတိကျတဲ့ရောဂါစစ်ဆေးမှုအဖြေတွေရပါပြီ။ အဲ့ဒီရောဂါက Frontotemporal dementia (FTD)လို့ခေါ်ပါတယ်။ ပြောဆိုဆက်ဆံ​ရေးမှာခက်ခဲလာခြင်းက  ဘရုစ်ရင်ဆိုင်နေရတဲ့လက္ခဏာတွေထဲကတစ်ခုပါပဲ။ နောက်ဆုံးတော့ ရှင်းရှင်းလင်းလင်းရောဂါရှာဖွေတွေ့ရှိလို့ စိတ်သက်သာရာရပါပြီ"
Ref: Variety
ကိုခွေး ရေးသည်။



ကြော်ငြာများထည့်သွင်းနိုင်ပါပြီ - 





Post a Comment

0 Comments