Porpular

6/recent/ticker-posts

ကိုယ်ပိုင် Dracula ရုပ်ရှင် လိုချင်နေတဲ့ Nicolas Cage

ကိုယ်ပိုင် Dracula ရုပ်ရှင် လိုချင်နေတဲ့ Nicolas Cage


မတ် ၁၊ ၂၀၂၃။

◼ Nicholas Hoult ရဲ့ Renfield ရုပ်ရှင်ထဲမှာ ဗန်ပိုင်းယား ကောင့်တ် ဒရာကူလာ အဖြစ် သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Nicolas Cage ဟာ သူ့ရဲ့ ဒရာကူလာဇာတ်ကောင်ကို ဒီထက်ပိုလုပ်ပြချင်နေသေးတဲ့ပုံပါပဲ။

◼ မကြာသေးခင်က ​Total Film မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ မင်းသားကြီးက သူ့ရဲ့ ဇာတ်ကောင် ဒရာကူလာရဲ့စိတ်သဘောထားကို ဒီထက်ပိုပြီး စူးစမ်းလေ့လာနိုင်မယ့် နောက်ထပ် Dracula ရုပ်ရှင်တစ်ခု လိုချင်သေးတယ် လို့ ပြောခဲ့ပါတယ်။

"ခင်ဗျားသိမှာပါ။ ဒီ Dracula ရဲ့မျက်လုံးထဲမှာ ဂရုဏာရသကိုခံစားရတဲ့ အခိုက်အတန့်လေးတွေရှိခဲ့တယ်။ အဲ့ဒါတွေက ကျွန်တော့်ကို ဒီဇာတ်ကောင်ရဲ့စိတ်ဝိညာဉ်အကြောင်း တကယ်နားလည်နိုင်အောင် နောက်ထပ်ရုပ်ရှင်တစ်ကားစာလောက်ထပ်ရိုက်ရရင်ကောင်းမှာပဲလို့ တွေးမိစေတယ်။အခုရုပ်ရှင်ထဲမှာတော့ အဲ့လောက်နက်နက်ရှိုင်းရှိုင်းနားမလည်လိုက်ဘူးဗျ။"

◼ Nicolas Cage ဟာ သူ့ကိုယ်သူ စိန်ခေါ်ချင်လို့ ဒီရုပ်ရှင်ကိုလက်ခံလိုက်တာဖြစ်ပြီး သူဟာ Dracula ရဲ့ဖန်အကြီးစားတစ်ယောက်ဖြစ်ကြောင်းလည်းပြောသွားပါသေးတယ်။

◼ Universal ရဲ့ Renfield ရုပ်ရှင်ဟာ Dracula ဝတ္ထုမှာ Dracula ရဲ့ အစေခံဖြစ်သူ Renfield ဇာတ်ကောင် ကို အဓိကပွဲထုတ်ထားတာဖြစ်ပြီး ဧပြီ ၁၄၊ ၂၀၂၃ မှာ ရုံတင်ပြသသွားမှာပါ။ 

Ref: Variety

ကိုခွေး ရေးသည်။ 



Post a Comment

0 Comments