Resident Evil Village မှာ Ada Wong ဘာလို့မပါခဲ့တာလဲ
မတ် ၁၊ ၂၀၂၃။
◼ Resident Evil 8 Village ဟာ Resident Evil 4 ရဲ့အငွေအသတ်တွေအများကြီးပါဝင်ပြီး လူကြိုက်များခဲ့တဲ့ဂိမ်းတစ်ခုပါ။
◼ ဒီ game မှာ Ethan Winters နေရာကဆော့ရမှာဖြစ်ပြီး သူ့သမီးဖြစ်သူ Rosemary Winter ကို ကယ်ဆယ်ဖို့အတွက် 4 lords ဖြစ်တဲ့ Lady Dimitrescu, Donna Beneviento, Salvatore Moreau, Karl Heisenberg နဲ့ Mother Miranda တို့အပြင် Lycan တွေနဲ့ Monster တွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဂိမ်းရဲ့အဆုံးပိုင်းမှာတော့ Chris Redfield အနေနဲ့ ခေတ္တခဏဆော့ပြီး ပွဲကြမ်းနိုင်ပါသေးတယ်။
အစတုန်းက ဒီဂိမ်းမှာ Ada Wong DLC ပါလာမယ်လို့ သိထားပေမယ့် တကယ်တန်းကျ ထွက်မလာခဲ့ပါဘူး။
◼ Resident Evil Village ရဲ့ Collector’s Edition, Deluxe Edition နဲ့ Complete Edition တို့ကို ဝယ်တဲ့သူတွေပဲ ရတဲ့ Trauma Pack DLC မှာတော့ Ada Wong ရဲ့ Concept Art ပုံလေးတွေပါလာပါတယ်။
◼ Ada Wong ကို သူဝတ်နေကျ အနီရောင်ဝတ်စုံတွေနဲ့မတွေ့ရပဲ အနက်ရောင် Plague Doctor ဆန်ဆန် ဝတ်စုံနဲ့တွေ့ရမှာဖြစ်ပြီး Art Director ရဲ့ မှတ်ချက်စာသားလေးလည်းပါပါသေးတယ်။
"အစောပိုင်းအစီအစဉ်တွေအရ Ethan အဖမ်းခံရတုန်း Ada Wong လာကယ်မယ်လို့လုပ်ထားခဲ့ပေမယ့် ဇာတ်ညွှန်းအတွက်အဆင်မပြေတာတွေများလာတာကြောင့် မထည့်ပဲဖြတ်တောက်ခဲ့လိုက်ရပါတယ်။ တကယ်တမ်း DLC တစ်ခုက Ada ရွာကြီးကို စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ အခန်းဖြစ်ခဲ့ရမှာပါ။"
◼ Resident Evil Game Series ရဲ့ ဂိမ်းသစ် Resident Evil 4 Remake ဟာ March လ ၂၄ရက်နေ့မှာထွက်ရှိပါမယ်။
◼ Concept Art ပုံတွေကို ပူးတွဲဖော်ပြထားပါတယ်။
Ref: Game Rant
ကိုခွေး ရေးသည်။
0 Comments