Dune: The Sisterhood Series ရဲ့ အဓိကသရုပ်ဆောင်နဲ့ဒါရိုက်တာ နှုတ်ထွက်သွားပြီ
မတ် ၂၊ ၂၀၂၃။
◼ Warner Bros. ဟာ Dune နဲ့ ပတ်သက်ပြီး Dune Part II အပါအဝင် Dune ရုပ်ရှင်မတိုင်မီ နှစ်တစ်သောင်းကာလကိုဇာတ်အိမ်တည်ထားတဲ့ Dune: The Sisterhood ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ထုတ်လုပ်သွားဖွယ်ရှိပါတယ်။
◼ HBO Max မှာ ပြသမယ့် Dune: The Sisterhood ဟာ Sisterhood of Dune ဝတ္ထုကိုအခြေခံရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် Emily Watson နဲ့ Shirley Henderson တို့ဟာ Dune: The Sisterhood ရဲ့ အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်ကြတဲ့ Valya Harkonnen နဲ့ Tula Harkonnen တို့အဖြစ် သရုပ်ဆောင်သွားကြမှာပါ။ Emily Watson ဟာ HBO ရဲ့ Chernobyl မှာ သရုပ်ဆောင်ဖူးသလို Shirley Henderson ဟာလည်း Harry Potter and the Chamber of Secrets နဲ့ Harry Potter and the Goblet of Fire မှာ ပါဝင်ဖူးပါတယ်။
◼ သို့ပေမယ့် လက်ရှိမှာတော့ Dune: The Sisterhood ရဲ့ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Shirley Henderson နဲ့ အပိုင်းနှစ်ပိုင်းကိုရိုက်ကူးပေးမယ့် Johan Renck တို့ဟာ Dune: The Sisterhood ကနေ နှုတ်ထွက်သွားပြီဖြစ်ကြောင်း HBO Max ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့မှတ်ချက်အရ သိရှိရပါတယ်။ သတင်းများအရ Johan Renck ရဲ့ ရိုက်ကူးမှုပုံစံဟာ ဒါရိုက်တာကြီး Denis Villeneuve ရဲ့ Dune ရိုက်ကူးမှုပုံစံနဲ့ အံဝင်ခွင်ကျမရှိတဲ့အပြင် HBO Max နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
◼ HBO Max ရဲ့ အဆိုပါပြောရေးဆိုခွင့်ရှိသူကတော့ Johan Reck ဟာ Dune: The Sisterhood အတွက် ၎င်းနဲ့သက်ဆိုင်တဲ့ရိုက်ကူးရေးကိစ္စတွေကိုပြီးဆုံးအောင်ပြုလုပ်ပေးခဲ့ကြောင်း၊ ဒါရိုက်တာသစ်တစ်ယောက် အမြန်ဆုံးရှာဖွေနေကြောင်းနဲ့ Shirley Henderson ဟာလည်း Tula Harkonnen နေရာကနေ နှုတ်ထွက်သွားပြီဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ Shirley Henderson နဲ့ နှုတ်ထွက်ရတဲ့အကြောင်းအရင်းကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။
◼ ၂၀၂၂ နိုဝင်ဘာလမှာလည်း Diane Ademu-John ဟာ Dune: The Sisterhood ရဲ့ showrunner နေရာကနေနှုတ်ထွက်ခဲ့ပါသေးတယ်။
◼ Dune: The Sisterhood ရဲ့ ပြသရက်ကိုတော့မသိရသေးပါဘူး။
ပုံစာ - Shirley Henderson (ဝဲ)၊ Johan Renck (ယာ)။
Ref: ComicBook
McGarrett ရေးသည်။
0 Comments