အမေရိကန်အစိုးရအေဂျင်စီတိုင်း၏ရုံးသုံးစက်ပစ္စည်းများတွင် TikTok အက်ပလီကေးရှင်းကို ဖြုတ်ချထားရမည်
မတ် ၂၊ ၂၀၂၃။
◼ အမေရိကန်အစိုးရအေဂျင်စီတိုင်းရဲ့ ရုံးသုံးစက်ပစ္စည်းတွေကနေ TikTok အက်ပလီကေးရှင်းကို ရက်သုံးဆယ်အတွင်းဖြုတ်ချဖို့ အိမ်ဖြူတော်က အမေရိကန်ဖက်ဒရယ်ဌာနအားလုံးဆီကို ညွှန်ကြားချက်တစ်စောင်ပို့လာပါတယ်။
◼ အဲဒီညွှန်ကြားချက်ကို စီမံခန့်ခွဲရေးနဲ့ဘတ်ဂျက်ဌာနရဲ့ညွှန်ကြားရေးမှူး Shalanda Young က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထုတ်ပြန်လာတာဖြစ်ပြီး ညွှန်ကြားချက်လက်ခံရရှိပြီးရက်သုံးဆယ်အတွင်းမှာ အုပ်ချုပ်ရေးဌာနတွေနဲ့ ၎င်းတို့နဲ့ဆက်စပ်ကန်ထရိုက်ချုပ်ဆိုထားတဲ့ကုမ္ပဏီတွေဟာ TikTok အက်ပလီကေးရှင်းအပါအဝင် TikTok ကုမ္ပဏီ ByteDance နဲ့ ဆက်စပ်အက်ပလီကေးရှင်းတွေကို အစိုးရပိုင်စက်ပစ္စည်းတွေကနေ ဖြုတ်ချထားရမှာပါ။
◼ ၂၀၂၂ ဒီဇင်ဘာလမှာ ကွန်ဂရက်က TikTok ကို ဖက်ဒရယ်အစိုးစက်ပစ္စည်းတိုင်းမှာအသုံးမပြုဖို့တားမြစ်ပြီးတဲ့နောက်မှာ ဒီလိုထုတ်ပြန်ချက်ထွကိပေါ်လာတာဖြစ်ပါတယ်။
◼ TikTok ဟာ အသုံးပြုသူတွေရဲ့ဒေတာအချက်အလက်တွေကို တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီဆီကိုလွှဲပြောင်းပေးနိုင်တယ်၊ တရုတ်အစိုးရဟာ TikTok ကနေတစ်ဆင့် သတင်းမှားဖြန့်ဝေမှုတွေနဲ့ ထောက်လှမ်းရေးတွေပြုလုပ်လာနိုင်တယ် ဆိုပြီး အမေရိကန်အစိုးရရဲ့စိုးရိမ်မှုဟာ ပိုမိုကြီးထွားလာနေပုံပါပဲ။
Ref: CBS News
Sub-Zero ရေးသည်။
0 Comments