လိင်ပိုင်းဆိုင်ရာလက်ရောက်ပြုမူခံရတဲ့ Hunger Games သရုပ်ဆောင် Jena Malone
မတ် ၂၊ ၂၀၂၃။
◼ သရုပ်ဆောင် Jena Malone ဟာ The Hunger Games: Mockingjay - Part 2 ရိုက်ကူးနေစဥ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားပြုမူခံရကြောင်း ထုတ်ဖော်ပြောပြလာပါတယ်။
◼ The Hunger Games: Catching Fire မှာ Johanna Mason ဇာတ်ကောင်နဲ့ စတင်ပါဝင်လာခဲ့တဲ့ သရုပ်ဆောင် Jena Malone ဟာ ၎င်းကြုံခဲ့ရတဲ့လိင်ပိုင်းဆိုင်ရာလက်ရောက်စော်ကားခံရမှုအဖြစ်အပျက်ကို ယမန်နေ့ကပဲ ၎င်းရဲ့ တရားဝင် Instagram စာမျက်နှာမှာပြောပြလာခဲ့တာပါ။
◼ Jena Malone ဟာ အဆိုပါ Instagram post မှာ The Hunger Games: Mockingjay - Part 2 ကို ပြင်သစ်နိုင်ငံမှာ ရိုက်ကူးနေစဥ်ကာလဟာ သူ့အတွက်ခက်ခဲခဲ့ကြောင်း၊ အဲဒီကာလမှာ ချစ်သူနဲ့လမ်းခွဲခဲ့ရကြောင်းနဲ့ အလုပ်အတူတူလုပ်သူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာလက်ရောက်စော်ကားပြုမူခံခဲ့ရကြောင်းကို ဖော်ပြလာခဲ့တာဖြစ်ပါတယ်။
◼ Jena Malone ကြုံခဲ့ရတဲ့အဖြစ်အပျက်အတွက် The Hunger Games တွေရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
Ref: Insider Entertainment
McGarrett ရေးသည်။
0 Comments