The Nun 2 မှာ သရုပ်ဆောင် Storm Reid က အရေးပါတဲ့နေရာကနေ ပါဝင်လာမယ်
မတ် ၃၊ ၂၀၂၃။
◼ ၂၀၂၃ ခုနှစ်ထဲမှာ ရုံတင်သွားမယ့် Conjuring Universe ရဲ့ ၉ ကားမြောက်ရုပ်ရှင် The Nun 2 မှာ လူမည်းသရုပ်ဆောင်တစ်ဦးဖြစ်သူ Storm Reid က သီလရှင်တစ်ပါးအနေနဲ့ ပါဝင်လာမယ်လို့ သိရပါတယ်။
◼ Storm Reid ဟာ Euphoria, The Suicide Squad တို့နဲ့ မကြာသေးခင်ကမှ ထွက်ရှိပြသနေတဲ့ The Last of Us မှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပြီး The Nun 2 မှာ သူမ သရုပ်ဆောင်ရမယ့်နေရာက အရေးပါတဲ့ ဇာတ်ကောင်ဖြစ်တယ်လို့ ဆိုပါတယ်။
◼ The Nun 2 မှာ လူမည်းသရုပ်ဆောင်ပါဝင်လာတာဟာ ဒီရုပ်ရှင်ရဲ့ writer တစ်ဦးဖြစ်သူ Akela Cooper ရဲ့ ကြိုးပမ်းမှုကြောင့်ဆိုရင် မမှားပါဘူး။
◼ Dread Central နဲ့ အင်တာဗျူးတစ်ခုမှာ Akela Cooper က သူမအနေနဲ့ လူမည်းသရုပ်ဆောင်တစ်ဦးကို The Nun 2 မှာ ပါဝင်စေချင်ခဲ့တာဖြစ်ပြီး သူမရဲ့ သဘောထားတာကို ကျန် writer အကုန်လုံးက သဘောတူခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။
"သူတို့တွေ ဒီရုပ်ရှင်မှာ Storm Reid ကို
ရွေးလိုက်တော့ ကျွန်မ တကယ်ကို ထူးထူးခြားခြား စိတ်လှုပ်ရှားနေမိခဲ့တာ။ ဘာကြောင့်လဲဆိုတော့ အဲ့ဇာတ်ကောင်က ကျွန်မအတွက် အတော်လေး အဓိပ္ပါယ်ရှိတယ်။ အစည်းအဝေးတစ်ခုမှာ ကျွန်မက 'ကိုယ့်လူတို့၊ ငါတော့ ဒီထဲမှာ လူမည်း သီလရှင်တစ်ပါးတော့ ထည့်ချင်တယ်' လို့ပြောတော့ သူတို့တွေက 'Okay! မိုက်တယ်' လို့ ပြန်ပြောကြတယ်။ Conjuring Universe ထဲမှာ လူမည်းတွေ ထည့်သွင်းလာနိုင်တာက ကျွန်မအတွက် ဂုဏ်ယူရတဲ့ အခိုက်အတန့်ပါပဲ" လို့ Akela Cooper က ပြည့်ပြည့်စုံစုံ ပြောပြသွားခဲ့ပါတယ်။
◼ ထွက်ရှိပြီးခဲ့သမျှ Conjuring Universe ထဲမှာ
ရုပ်ရှင် ၈ ကားလုံးမှာ လူမည်းသရုပ်ဆောင်တွေ မပါသလောက်ဖြစ်ပြီး ပါတဲ့လူတွေက အရံ၊ဇာတ်ပို့သဘောမျိုးလောက်ပဲ ပါဝင်တာပါ။
◼ လူမည်းတစ်ယောက်က လုပ်ပိုင်ခွင့်ကောင်းကောင်းရမယ့် နေရာကနေ ပါဝင်လာတာဟာ The Nun 2 ရဲ့ ထူးခြားချက်ဖြစ်ပြီး ဒီရုပ်ရှင်ကို စက်တင်ဘာ ၈၊ ၂၀၂၃ မှာ ရုံတင်သွားမှာပဲ ဖြစ်ပါတယ်။
◼ Storm Reid အနေနဲ့ The Nun 2 မှာ အရေးပါတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ရမှာဖြစ်တဲ့အကြောင့် သူ့အနေနဲ့ ဘယ်လောက်ထိ ဝမ်းစာပြည့်လဲဆိုတာကို ပိုင်ပိုင်နိုင် ချပြနိုင်မှာဖြစ်ပြီး ဒီရုပ်ရှင်က သူမအတွက် သရုပ်ဆောင်လောကမှာ နေရာတစ်ခု ရလာ မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Ref: ScreenRant
Loki ရေးသည်။
0 Comments