Porpular

6/recent/ticker-posts

Marvel Cinematic Universe ကို Florence Pugh မှ ကာကွယ်ပြောဆို

Marvel Cinematic Universe ကို Florence Pugh မှ ကာကွယ်ပြောဆို


Marvel | မတ် ၃၊ ၂၀၂၃။

◼ သရုပ်ဆောင်တစ်ယောက်ဟာ Marvel Cinematic Universe ကို ရောက်ရှိလာတဲ့အခါမှာ ရေရှည်စာချုပ်ချုပ်ဆိုရမယ်ဆိုတာကိုပါသိထားကြပြီးပြီဖြစ်ပါတယ်။ MCU မှာ သရုပ်ဆောင်နေစဥ်မှာ သရုပ်ဆောင်တွေဟာ MCU အပေါ်ကိုအချိန်အများကြီးပေးရပေမယ့်လည်း တခြားရုပ်ရှင်တွေကိုပါအချိန်ပေးရိုက်ကူးပေးနိုင်ပါတယ်။

◼ Black Widow နဲ့ Hawkeye အပြင် အသစ်ပြသမယ့် Thunderbolts မှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Florence Pugh ဟာ Marvel Cinematic Universe ဘက်ကနေ ခုခံကာကွယ်ပြောလာပါတယ်။ MCU မှာ သရုပ်ဆောင်နေတဲ့အတွက် တချို့သောလူတွေက Florence Pugh ကို indie ရုပ်ရှင်တွေအပေါ်မှာ အာရုံပိုမစိုက်လာနိုင်မှာ၊ indie ရုပ်ရှင်တွေကို ထပ်မံရိုက်ကူးနိုင်ခြင်းမရှိတော့မှာကို စိတ်ပူနေကြပါတယ်။

◼ အဲဒီလိုထောက်ပြမှုတွေနဲ့ပတ်သက်ပြီး Florence Pugh ဟာ စိတ်ပူဖို့မလိုကြောင်းနဲ့ MCU ပရောဂျက်ရှိရှိမရှိရှိ တခြားရုပ်ရှင်ပရောဂျက်တွေအများစုကိုလည်း လက်ခံထားလေ့ရှိကြောင်း Total Film မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ အခုလိုပြောပြလာပါတယ်။

"ကျွန်မ Marvel နဲ့ ပထမဆုံးစာချုပ်ချုပ်တုန်းက indie ရုပ်ရှင်ဘက်ကတော်တော်များများက ကျွန်မကိုပြောကြတယ်၊ ကျွန်မက ရုပ်ရှင်ကားသေးတွေဘက်ကိုပြန်လာနိုင်မှာမဟုတ်တော့ဘူး၊ အဲဘက်မှာပဲညပ်နေတော့မှာ ဆိုပဲ။ အဲဒီဘက်ကရုပ်ရှင်ကားတိုင်းမှာ အလှတစ်မျိုးစီရှိတယ်လို့တော့ထင်တယ်။ Dune လို၊ Marvel လို၊ ကျွန်မပါဝင်ထားတဲ့ Oppenheimer လို ရုပ်ရှင်ကြီးတွေမှာ ခမ်းနားတဲ့ဇာတ်လမ်းတွေ၊ လှပမှုတွေရှိနေတာပဲ။ အံ့သြလှပတဲ့ရုပ်ရှင်ကားကြီးတွေပါပဲ။ ပြီးကျရုပ်ရှင်ကားသေးတွေမှာလည်း လူတိုင်းမမြင်တဲ့အလှတရားလေးတွေရှိတယ်လေ၊ အချိန်တန်ရင် အားလုံးမြင်လာကြမှာပါ။ ကျွန်မက ရုပ်ရှင်အမျိုးအစားတစ်မျိုးတည်းကိုပဲရိုက်ကူးတတ်တဲ့သူတော့မဟုတ်ဘူး၊ နယ်ပယ်အားလုံးကိုအစုံရိုက်ကူးတတ်တဲ့သူဆိုတာတော့ ကိုယ်ဘာသာသိထားပါတယ်။"

◼ Florence Pugh ရဲ့ မှတ်ချက်အရ ရုပ်ရှင်ကားကြီးတွေရော၊ indie ရုပ်ရှင်တွေမှာပါ ရသကိုယ်စီရှိပြီး မြင်တတ်ဖို့ပဲလိုတယ်လို့ ဆိုလိုတာပါ။


◼ Florence Pugh ပါဝင်ထားတဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ Oppenheimer ရုပ်ရှင်ဟာ လာမယ့် ဇူလိုင် ၂၁ မှာ ရုံတင်ပြသမှာဖြစ်ပြီး Marvel ရုပ်ရှင်သစ် Thunderbolts ကိုတော့ ဇူလိုင် ၂၆၊ ၂၀၂၄ မှာ ရုံတင်ပြသမှာပါ။

Ref: ComicBook

McGarrett ရေးသည်။



Post a Comment

0 Comments