Porpular

6/recent/ticker-posts

Harry Styles ကို King of Pop လို့ခေါ်လို့ Michael Jackson ပရိတ်သတ်များ မကျေမနပ်ဖြစ်နေ

Harry Styles ကို King of Pop လို့ခေါ်လို့ Michael Jackson ပရိတ်သတ်များ မကျေမနပ်ဖြစ်နေ

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

◼ Rolling Stone မဂ္ဂဇင်းဟာ ယခု ဖေဖော်ဝါရီလမှာထုတ်ဝေမယ့် မျက်နှာဖုံးစာမူခေါင်းစဉ်နာမည်အဖြစ် Harry Styles: How the new King of Pop set the music world aflame လို့ပေးထားတဲ့ဆောင်းပါးတစ်ခုကိုထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

◼ ဒီဆောင်းပါးဟာ သူ့ချည်းသပ်သပ်ဆိုရင်တော့ပြဿနာမရှိပေမယ့် King of Pop ဆိုတဲ့စာသားကြောင့် ပေါ့ပ်ဂီတကြိုက်သူ ပရိတ်သတ်များအကြား ပွဲဆူသွားခဲ့ပါတယ်။ 

◼ ဒီမဂ္ဂဇင်းထုတ်ပြီးနောက်မှာတော့ King of Pop ဆိုတဲ့စကားလုံးဟာ ဆုံးပါးသွားပြီဖြစ်တဲ့ အဆိုတော်ကြီး Michael Jackson ကိုရည်ညွှန်းတာဖြစ်ကြောင်း၊ ဒီလိုမျိုးဘယ်သူ့ကိုမှထပ်ပြီးရည်ညွှန်းဖို့မသင့်တော်ကြောင်း အင်တာနက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။

◼ အဲဒီနောက်မှာတော့ Michael Jackson ရဲ့ တူတစ်ယောက်ဖြစ်သူ Taj Jackson က Rolling stone မဂ္ဂဇင်းကို Twitter ပေါ်မှာ mention ပြီး မကျေနပ်မှုများကိုပြောလာပါတယ်။

"Pop ဘုရင်အသစ်ဆိုတာမရှိဘူး။ ဒီဂုဏ်ပုဒ်ကိုခင်​ဗျားတို့ပိုင်တာမဟုတ်ဘူး။ ခင်​ဗျားတို့ရခဲ့တာလည်းမဟုတ်ဘူး။ ကျုပ်ဦးလေးရခဲ့တာ။ သူ့ရဲ့ ဆယ်စုနှစ်များစွာ စွန့်လွှတ်ပေးဆပ်ပြီးကြိုးစားပြီးမှရခဲ့တာ။ သူနဲ့အတူ ဒီဂုဏ်ပုဒ်လည်း အငြိမ်းစားယူသွားပြီးပြီ။ ဒီလိုပြောလို့ Harry Styles ကို မလေးမစားလုပ်တာမဟုတ်ပါဘူး။သူက တကယ်အရည်အချင်းပေါင်းစုံရှိတဲ့အနုပညာရှင်တစ်ယောက်ပါ။ Harry အနေနဲ့ သူ့ကိုယ်ပိုင် ဂုဏ်ပုဒ်တစ်ခုခုရသင့်ပါတယ်။"

◼ Taj Jackson ရဲ့ အဆိုပါ Twitter ပို့စ်အောက်က comment section မှာတော့ ထောက်ခံအားပေးတဲ့ Comment တွေကိုလည်းမြင်ရသလို အမြင်မတူတဲ့သူတွေကိုလည်းတွေ့ရပါတယ်။

"ပြောသွားတာကောင်းတယ် Taj ရေ၊ ဘယ်သူမဆို Harry Styles ကို King of Pop ခေါ်လိုက်၊ Justin Bieber ကို King of Pop ခေါ်လိုက် လုပ်နေတာ Michael Jackson ကိုမလေးစားရာကျတယ်"

"Micheal Jackson က တစ်ဦးတည်းသော  Pop ဘုရင်ပဲ။ တခြားဘယ်သူမှ ဒီ ဂုဏ်ပုဒ်နဲ့မထိုက်တန်ဘူး။" 

" Micheal Jackson က သူ့အသက်ငါးနှစ်ကနေစပြီး သူသေတဲ့အထိ ဒီ ဂီတကို လုပ်သွားတာ။ဘယ်ကောင်မှ Michael Jackson လိုမျိုးမကြိုးစားနိုင်သလို သူရခဲ့တဲ့အောင်မြင်မှုကိုလည်းအမှီလိုက်နိုင်မှာမဟုတ်ဘူး။Michael ကို ဘယ်သူမှမယှဉ်နိုင်ဘူး။

ဒီလို comments တွေအပြင် Harry Styles ကို King of Pop အဖြစ် ထောက်ခံတဲ့သူတွေကိုလည်းတွေ့ရပါတယ်။

"အေးဆေးပေါ့ တကယ်ကြီး ဖင်နာနေတာလား။"

" ဘုရင်သေသွားရင် နောက်ထပ်ဘုရင်တပါးပေါ်လာတာပဲ။ သက်ဦးဆံပိုင်ဘုရင်စနစ်က ဒီလိုပဲအလုပ်လုပ်တာလေ။"

◼ Harry Styles ဟာ လက်ရှိကာလမှာ ပရိသတ်အခိုင်အမာရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို Michael Jackson ရဲ့ သီချင်းတွေဟာလည်း ယနေ့အထိခေတ်စားနေဆဲဖြစ်ပါတယ်။

◼ ဆက်စပ်သတင်းအနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate ဟာလည်း Michael Jackson ရုပ်ရှင်တစ်ကားထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။

Ref: Internet

ကိုခွေး ရေးသည်။

Post a Comment

0 Comments