Homophobic တွေကို ဒဲ့ပြောလိုက်တဲ့ The Last Of Us သရုပ်ဆောင်
(SPOILER သတိပြုရန်)
The Last of Us | ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။
◼ The Last Of Us ရဲ့ အပိုင်း ၃ နဲ့ အပိုင်း ၇ မှာ ပါတဲ့ LGTBQ+ ဇာတ်ဝင်ခန်းတွေနဲ့ပတ်သတ်ပြီး အင်တာနက်စာမျက်နှာပေါ်က ပရိသတ်တွေကြား နှစ်သက်သူနဲ့မနှစ်သက်သူ နှစ်ဖွဲ့ကွဲသွားကြတာကို သိထားပြီးဖြစ်ကြမှာပါ။
◼ မနှစ်သက်သူတွေထဲကတချို့က Homophobic တွေဖြစ်ကြပြီး လိင်တူဇာတ်ဝင်ခန်းတွေအပေါ် လွန်လွန်ကျူးကျူးပြစ်တင်ဝေဖန်ပြောဆိုကြပါတယ်။ ဒီလို Homophobic တွေအတွက် Ellie ရဲ့ အချစ်ဦး Riley နေရာမှာသရုပ်ဆောင်တဲ့ သရုပ်ဆောင် Storm Reid က စကားပါးလိုက်ပါတယ်။
◼ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Entertainment Weekly နဲ့ အင်တာဗျုးတစ်ခုမှာ Storm Reid က The Last of Us အပေါ် Homophobic တွေ ဝေဖန်ပြစ်တင်ကြတာနဲ့ပတ်သတ်ပြီး
"အပိုင်း ၃ ထွက်တုန်းက Bella (Ellie) ပြောသလိုပဲ ပြောရမှာပါပဲ။ မကြိုက်ရင် မကြည့်ကြနဲ့ပေါ့။ ကျွန်မတို့က လူတွေရဲ့အရေးကြီးတဲ့ဇာတ်လမ်းကိုပြောပြနေတာလေ။ လူတွေရဲ့အတွေ့အကြုံတွေကို ပြချင်တာ။ ဒါကြောင့်ပဲကျွန်မအသက်ရှင်နေတာပဲ။ ဒါကပဲ ဇာတ်လမ်းသွားကောင်းကောင်းလေးတွေကို ချပြနိုင်တာ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးပေါ်မှာအတူတူနေထိုင်နေတဲ့ လူသားတွေရဲ့ဇာတ်လမ်းတွေကို ပြောပြပေးနေတာမို့လို့ပဲ။"
◼ အပိုင်း ၇ က Riley နဲ့ Ellie တို့ရဲ့ အချစ်ဇာတ်လမ်းကို ဝေဖန်ကြသူတွေကိုလည်း Storm Reid က
"၂၀၂၃ ကိုပဲရောက်နေပြီ။ ကျွန်မဘယ်သူ့ကိုချစ်ချစ် ကျွန်မချစ်တဲ့သူအပေါ် လိုက်ပြီး စိုးရိမ်ပူပန်နေတယ်ဆိုရင်တော့ ရှင်တို့ကို ကိုယ့်ကိစ္စ ကိုယ်အာရုံစိုက်ဖို့ပဲ ပြောချင်တယ်။ ဘဝမှာ တွေးစရာတွေ စိုးရိမ်စရာတွေအများကြီးပါ။ ဘာလို့ ရှင်တို့က ဒီ ကောင်မလေးတွေအချင်းချင်း ချစ်ကြတာ ဒါမှမဟုတ် လူသားတွေအချင်းချင်းချစ်ကြတာကို လိုက်ပူပန်နေရတာလဲ။ မေတ္တာတရားက သိပ်ကိုလှပပါတယ်။ လူတွေက အဲ့ဒါကိုပဲလိုက်ပြောနေတယ်ဆိုရင်တော့ ဒါက သိပ်မဟုတ်သေးဘူးလေ"
◼ Storm Reid ဟာ HBO ရဲ့ Euphoria ဇာတ်လမ်းတွဲမှာလည်းပါဝင်ထားသလို The Invisible Man နဲ့ The Suicide Squad တို့မှာလည်း ပါဝင်ထားပါတယ်။
◼ The Last of Us ဟာ ယနေ့အထိပရိသတ်စိတ်ဝင်စားမှုကိုရရှိနေတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
Ref: EW
ကိုခွေး ရေးသည်။
0 Comments