ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။
◼ စာရေးဆရာကြီး Ian Fleming ရဲ့ စုံထောက်ဝတ္ထုတွေဖြစ်တဲ့ James Bond ဝတ္ထုတွေဟာ ဆင်ဆာဖြတ်တောက်ပြုပြင်ခံရတော့မှာဖြစ်ပါတယ်။
◼ James Bond ဝတ္ထုတွေမှာပါဝင်နေတဲ့ ၂၁ ရာစုကာလနဲ့မကိုက်ညီတဲ့အသုံးအနှုန်းတွေ၊ လူမျိုးရေးခွဲခြားမှုဆိုင်ရာအသုံးအနှုန်းတွေကို ပြုပြင်ဖြတ်တောက်ပြင်ဆင်ပြီး လာမယ့် ဧပြီလထဲမှာ ပြန်လည်ထုတ်ဝေသွားမှာဖြစ်ကြောင်း The Sunday Telegraph သတင်းအရ သိရှိရပါတယ်။
◼ James Bond ဝတ္ထုတွေရဲ့ထုတ်ဝေခွင့်ရရှိထားတဲ့ကုမ္ပဏီဟာ Casino Royale ကနေ Autopussy အထိ လူမျိုးရေးခွဲခြားမှုဆန်တဲ့အသုံးအနှုန်းတွေကိုဖြုတ်ချပြီး ဆီလျော်အောင်ပြင်ဆင်ကာ ပြန်လည်ထုတ်ဝေသွားမှာပါ။
◼ အဲဒီလိုပြင်ဆင်ထုတ်ဝေရတာဟာ စာဖတ်သူတွေဘက်တုံ့ပြန်လာတဲ့အခြေအနေကြောင့်ဖြစ်တယ်လို့လည်း ကုမ္ပဏီဘက်ကကြေညာထားပါသေးတယ်။
◼ အသုံးအနှုန်းတွေဖြုတ်ချပြင်ဆင်ပြီးထုတ်ဝေမယ့်စာအုပ်သစ်တွေမှာ ခေတ်နဲ့အညီဆီလျော်အောင်ပြုပြင်ထားကြောင်း သတိပေးစာသားထည့်သွင်းထားမှာဖြစ်ပါတယ်။
Ref: Deadine
McGarrett ရေးသည်။
0 Comments