Porpular

6/recent/ticker-posts

အဝေးရောက်ချစ်သူတွေအတွက် အကြင်နာပေးစက်တစ်မျိုး တရုတ်မှတီထွင်လာ

အဝေးရောက်ချစ်သူတွေအတွက် အကြင်နာပေးစက်တစ်မျိုး တရုတ်မှတီထွင်လာ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။

◼ ရေမြေခြားနေတဲ့ချစ်သူတွေအတွက် အဝေးကနေအနမ်းပေးနိုင်မယ့် အကြင်နာပေးစက်တစ်မျိုးကို တရုတ်နိုင်ငံကတီထွင်လိုက်ပါတယ်။

◼ အဲဒီအကြင်နာပေးစက်ဟာ ချစ်သူတွေအနေနဲ့ အဝေးတစ်နေရာစီကနေ အမှန်တကယ်နမ်းနေသလိုခံစားရအောင် အနမ်းတွေပေးနိုင်မယ့်စက်မျိုးဖြစ်ကြောင်းကြေညာထားတာကိုတွေ့ရပြီး ဒီအကြောင်းအရာဟာ တရုတ်လူမှုကွန်ယက်တွေမှာရေပန်းစားနေပါတယ်။ 

◼ အဲဒီစက်ကိရိယာမှာ အလိုအလျောက်ထိန်းနိုင်တဲ့စနစ်နဲ့ ဖိအားအာရုံခံဆင်ဆာတွေပါဝင်ပြီး တစ်ဖက်က အဲဒီစက်ကနေတစ်ဆင့်နမ်းလိုက်တဲ့အခါမှာ နမ်းလိုက်တဲ့သူရဲ့နှုတ်ခမ်းကြွက်သားဖိအားပမာဏနဲ့လှုပ်ရှားမှုအတိုင်း တစ်ဖက်မှာအဲဒီဖိအားနဲ့လှုပ်ရှားမှုအတိုင်း ထပ်တူကျပြန်လည်ပေးပို့လာမှာဖြစ်ပါတယ်။ ဒါ့အပြင် နမ်းတဲ့အခါမှာထွက်ပေါ်လာတဲ့အသံကိုပါထပ်တူထုတ်လွှင့်ပေးမှာဖြစ်ကြောင်းလည်းသိရပါတယ်။ 

◼ အကြင်နာပေးစက်ဟာ အင်တာနက်ကွန်ယက်နဲ့မိုဘိုင်းဖုန်းကနေတစ်ဆင့်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အသုံးပြုမယ်ဆိုရင်တော့ အသုံးပြုသူနှစ်ယောက်ဟာ စက်နှစ်လုံးအပါအဝင် အဲဒီစက်ကိုထိန်းချုပ်ဖို့အတွက် ဖုန်းထဲမှာ အက်ပလီကေးရှင်းကိုပါထည့်သွင်းထားရမှာပါ။ 

◼ တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ Global Times သတင်းစာအရ အကြင်နာပေးစက်ကို Changzhou Vocational Institute of Mechatronic Technology က မူပိုင်ခွင့်ရယူထားပြီး ပညာရှင် Jiang Zhongli ဦးဆောင်တဲ့ အဖွဲ့သားတွေက တီထွင်ခဲ့တာဖြစ်ပါတယ်။ Jiang Zhongli ဟာ ၎င်းရဲ့ချစ်သူနဲ့ အဝေးမှာရှိနေရတဲ့အတွက် ချစ်သူကိုအကြင်နာပေးဖို့ ဖုန်းရဲ့မှန်သားကနေအကြင်နာပေးရာကနေတစ်ဆင့် ဒီစက်ကိုတီထွင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

◼ အကြင်နာပေးစက်ဟာ တရုတ်ယွမ် ၂၈၈ ယွမ် (ကန်ဒေါ်လာ ၄၁ ဒေါ်လာ)တန်ဖိုးရှိပါတယ်။

Ref: Global Times

McGarrett ရေးသည်။



Post a Comment

0 Comments