Porpular

6/recent/ticker-posts

ခင်ပွန်းဟောင်းဖြစ်သူ Martin Freeman ကြောင့် Sherlock မှာ ပါဝင်ခွင့်ရခဲ့တဲ့ Amanda Abbington

ခင်ပွန်းဟောင်းဖြစ်သူ Martin Freeman ကြောင့် Sherlock မှာ ပါဝင်ခွင့်ရခဲ့တဲ့ Amanda Abbington

Sherlock | ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။

◼ BBC ရုပ်သံလိုင်းရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sherlock ဇာတ်လမ်းတွဲထဲက Mary Watson သရုပ်ဆောင် Amanda Abbington ဟာ Sherlock Series မှာပါဝင်ခွင့်ကို သူ့ရဲ့ခင်ပွန်းဟောင်းဖြစ်သူ Martin Freeman ကြောင့် ရခဲ့တယ် လို့ သိရပါတယ်။

◼ ဒါကြောင့် အဲ့ဒီခေတ်အခါတုန်းက ဆွေမျိုးကောင်းစားရေး သားမယားကောင်းစားရေးဆန့်ကျင်တဲ့သူတွေရဲ့ ရှုံ့ချတာကိုခံခဲ့ရကြောင်း ပြောပြလာပါတယ်။ 

◼ Amanda Abbington ဟာ အဲဒီအချိန်တုန်းက Sherlock ဇာတ်လမ်းတွဲရဲ့ Dr. John Watson သရုပ်ဆောင် Martin Freeman နဲ့တွဲနေတာဖြစ်ပါတယ်။

◼ မကြာသေးခင်က Full Disclosure လို့ ခေါ်တဲ့ Podcast အစီအစဉ်တစ်ခုမှာ Amanda Abbington ဟာ Sherlock နဲ့ ပတ်သက်ပြီး သူ ကြုံခဲ့ရတဲ့အတွေ့အကြုံနဲ့ပတ်သတ်ပြီး​ပြောပြလာပါတယ်။

"အဲ့ဒီတုန်းက ကျွန်မက Martin နဲ့တွဲနေတာကိုး။ အဲ့တော့ သူ့အကပ်နဲ့ ဒီ ဇာတ်ကောင်နေရာမှာပါဝင်ခွင့်ရခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာ။ တကယ်လည်းမှန်ပါတယ်။ ဇာတ်ညွှန်းဆရာ Mark Gatiss နဲ့ Steven Moffatတို့က Mary Watson နေရာ ဘယ်သူ့ကိုရွေးရင်ကောင်းမလဲစဉ်းစားနေကြတာလေ ပြီးတော့ Dr. Watson နဲ့အပြင်မှာတွဲနေတဲ့သူကအကောင်းဆုံးပဲဆိုပြီး ရွေးလိုက်တာလေ။ တွေးကြည့်ရင်အဓိပ္ပါယ်ရှိပါတယ်။ ကျွန်မတို့အလုပ်အများကြီးအတူတူလုပ်ခဲ့ပြီးပြီလေ။"

◼ Amanda Abbington နဲ့ Martin Freeman ဟာ ၂၀၁၇ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

Sherlock Season 5 ထွက်မှာလား?

◼ Sherlock ရဲ့ Season 4 ဟာ တစ်စွန်းတစ်စဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်ခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေဟာ Sherlock Season 5 ဆက်လက်ထုတ်လုပ်ပေးဖို့ ဒီကနေ့အထိ BBC ကို တောင်းဆိုနေကြပါသေးတယ်။ 

◼ Sherlock ရဲ့ ဇာတ်ညွှန်းဆရာ Steven Moffat ကတော့ Season အသစ် ထွက်ရှိဖို့ဟာ Benedict Cumberbatch နဲ့ Martin Freeman တို့ အပေါ်မှာ မူတည်နေတာဖြစ်ပြီး Benedict Cumberbatch နဲ့ Martin Freeman တို့သာ ပြန်လည်ပါဝင်မယ်ဆိုပါက ဇာတ်ညွှန်းကိုချက်ချင်းရေးသားပေးမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ 

Ref: ComicBook

ကိုခွေး ရေးသည်။



Post a Comment

0 Comments