Porpular

6/recent/ticker-posts

Puss in Boots တတိယမြောက်ရုပ်ရှင်ထွက်မထွက်ဟာ ပရိသတ်တွေအပေါ် မူတည်နေ


Puss in Boots တတိယမြောက်ရုပ်ရှင်ထွက်မထွက်ဟာ ပရိသတ်တွေအပေါ် မူတည်နေ

Puss in Boots | ဖေဖော်ဝါရီ ၂၀၊ ၂၀၃။

◼ တိုက်ရည်ခိုက်ရည်ရှိတဲ့ Antonio Banderas ဆိုတဲ့ ကြောင်လေးကို Sherk 2 ရုပ်ရှင်မှာ ပထမဆုံး မိတ်ဆက်ခဲ့ပြီး 2011 မှာတော့ သူရဲ့ ကိုယ်ပိုင် spinoff ရုပ်ရှင် "Puss in Boots" ကို ရရှိခဲ့ပါတယ်။

◼ ဆယ်စုနှစ်တစ်ခုအကြာ ၂၀၂၂ မှာတော့ ဒုတိယမြောက် ရုပ်ရှင် "Puss in boots: The Last Wish" ကို ထပ်မံ ရရှိခဲ့ပြီး ဒီရုပ်ရှင်ဟာ အကောင်းမြင် ဝေဖန် သုံးသပ်ချက်များစွာ ပိုင်ဆိုင်ခဲ့သလို ကမ္ဘာတဝန်းလုံးကနေ ကန်ဒေါ်လာ ၄၀၁ မီလျံ ရတဲ့ထိ အကောင်းမွန်ဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တာပါ။

◼ Puss in Boots: The Last Wish ရဲ့ အောင်မြင်မှုကြောင့် တတိယမြောက်ရုပ်ရှင်မှာ Puss in Boots က Shrek နဲ့ ပြန်လည်တွေ့ဆုံနိုင်မလား ဆိုတဲ့ မေးခွန်းကို Sequel ရဲ့ တွဲဖက်ဒါရိုက်တာဖြစ်တဲ့ Joel Crawford က The Playlist ကို ယခုလို မှတ်ချက်ပေးခဲ့ပါတယ်။

"ကျွန်တော် ပြောနိုင်တာက ပရိသတ်တွေရဲ့ လက်ခံနိုင်မှုအပေါ် မူတည်ရလိမ့်မယ်ဗျ။ ပရိသတ်တွေက Puss in boots ကို ဒီထက် ပိုလိုချင်တယ်လို့ ပြောရင်တော့ ကျွန်တော့်အနေနဲ့ အတော်လေး ဝမ်းသာမိမှာပဲ"

◼ တစ်ဖက်မှာလည်း Puss in boots သရုပ်ဆောင်တွေ​က သူငယ်ချင်းဟောင်းတွေဆီ အလည်အပတ်ထွက်ဦးမယ်လို့ ပြောထားတဲ့အတွက်ကြောင့် Puss in boots နဲ့ Shrek တို့ရဲ့ ပြန်လည်တွေ့ဆုံမှုက တတိယမြောက်ရုပ်ရှင်ရဲ့ အဓိကဇာတ်လမ်းဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီတွေ ထွက်ရှိလာတာပါ။

◼ Sequel တို့ရဲ့ ထုံးစံအတိုင်း ပထမဆုံးရုပ်ရှင်ကို မှီဖို့ခဲယဥ်းတယ် ဆိုပေမယ့် ဒီရုပ်ရှင်ကတော့
ပို ပိုပြီး ကောင်းလာတယ်လို့ ဆိုရမှာပါ။

◼ The Last Wish မှာ အသစ်တွေ့ရှိခဲ့တဲ့ လေးမြတ်မှုနှင့် ယုံကြည်ရတဲ့ အဖော်သစ်အချို့ကြောင့်၊ တတိယမြောက် ရုပ်ရှင် ထွက်ရှိလာဖို့ကတော့ သေချာသလောက်ရှိနေပြီလို့လည်း ပြောနိုင်ပါတယ်။

Ref: ScreenRant

Nova ရေးသည်။

Post a Comment

0 Comments