စလုံးရေး စ တောင် မစရသေးတဲ့ James Bond အသစ်
James Bond | ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။
◼ သရုပ်ဆောင် Daniel Craig ရဲ့ James Bond ရုပ်ရှင် No Time To Die အပြီးမှာ MGM နဲ့ Broccoli တွေဟာ James Bond ကို သရုပ်ဆောင်အသစ်နဲ့ reboot ချ သွားတော့မှာဖြစ်ပါတယ်။
◼ ပရိသတ်တွေကတော့ James Bond အသစ် ဘယ်သူဖြစ်မလဲဆိုတာအပေါ် ရင်ခုန်မျှော်လင့်နေကြသလို ပရိသတ်တွေဘက်ကလည်း James Bond နေရာအတွက် ၎င်းတို့ဘာသာ သရုပ်ဆောင်တွေကိုခန့်မှန်းနေကြပါတယ်။
◼ James Bond ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Barbara Broccoli ကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာသတင်းတစ်ခုကိုသယ်ယူလာပါတယ်။ James Bond နေရာအတွက် သရုပ်ဆောင်ရွေးချယ်ထားခြင်းမရှိသေးသလို ပြင်ဆင်မှုတွေလည်းဘာမှမစတင်ရသေးကြောင်း ၂၀၂၃ BAFTA ဆုပေးပွဲကိုတက်ရောက်လာရင်း LDABible သတင်းနဲ့ အင်တာဗျူးမှာ အတည်ပြုလာပါတယ်။ Barbara Broccoli ရဲ့ မှတ်ချက်အရ James Bond နေရာအတွက် ဘယ်သူ့ကိုမှရွေးချယ်ထားခြင်းမရှိသေးတဲ့အတွက် James Bond ရုပ်ရှင်သစ်ထွက်ရှိလာဖို့အတွက်ကတော့ နှစ်များစွာအချိန်ယူရဖွယ်ရှိနေပါတယ်။
◼ ၂၀၂၂ စက်တင်ဘာလထဲကထွက်ရှိလာတဲ့သတင်းများအရ James Bond ဟာ လူတွေလိုမျိုးပဲ ဇာတ်ကောင်ဆင့်ကဲတိုးတက်မှုတွေရှိလာမှာဖြစ်သလို James Bond အသစ်ရွေးချယ်မှုဟာ အရမ်းစောနေသေးကြောင်း၊ James Bond သရုပ်ဆောင်သစ်ဟာ အသက်၃၀ပတ်လည်ရှိရမှာဖြစ်ပြီး သရုပ်ဆောင်သက်တမ်းများပြားကာ ဆယ်နှစ်စာချုပ်နဲ့သရုပ်ဆောင်ရမှာဖြစ်ကြောင်း ထုတ်လုပ်သူတွေဖြစ်ကြတဲ့ Barbara Broccoli နဲ့ Michael G. Wilson တို့က ပြောပြလာခဲ့ကြောင်းသိရပါတယ်။
◼ ၂၀၂၂ ထဲမှာ သရုပ်ဆောင် Aaron Taylor-Johnson နဲ့ Idris Elba တို့ဟာ James Bond သစ် ဖြစ်လာမယ် ဆိုပြီး သတင်းထွက်ခဲ့ပေမယ်လည်း အဲဒီသတင်းနဲ့ပတ်သက်ပြီး နှစ်ဦးစလုံးကငြင်းဆိုထားခဲ့ပါတယ်။
ပုံစာ - James Bond ထုတ်လုပ်သူ Barbara Broccoli
Ref: ComicBook
McGarrett ရေးသည်။
1 Comments
မိုက် တယ် နော်
ReplyDelete