ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။
◼ Marvel ရုပ်ရှင် Ant-Man and The Wasp: Quantumania မှာ The Wasp အဖြစ်သရုပ်ဆောင်တဲ့ Evangeline Lilly နဲ့ Cassandra Lang အဖြစ်သရုပ်ဆောင်တဲ့ Kathryn Newton တို့ကို Ant-Man and The Wasp: Quantumania ရဲ့ ပရိုမိုးရှင်းအတွက် အင်တာဗျုးတစ်ခုမေးမြန်းခဲ့ကြပါတယ်။
◼ အဲဒီအင်တာဗျူးမှာ Lilly က Marvel ရုပ်ရှင်တစ်ကားဖြစ်တဲ့ Eternals ကို ကြည့်တုန်းက Harry Styles ကဘယ်သူလဲဆိုတာမသိခဲ့ဘူး ကျပန်းသရုပ်ဆောင်လို့ထင်နေတာလို့ပြောလာပါတယ်
“ကျွန်မပြောမှဖြစ်မယ်တူတယ်။ Eternals ဇာတ်ကားရဲ့အဆုံး credit scene မှာပေါ်လာတဲ့ အဲဒီလူအကြောင်းပေါ့။”
◼ Harry Styles ကို ’အဲဒီလူ’ လို့သုံးနှုန်းခဲ့တဲ့အတွက် Newtonရော၊ Interviewer တွေပါshockရသွားပြီးသူဘယ်လဲဆိုတာမသိဘူးလားလို့ပြန်မေးခဲ့ကြတဲ့အခါမှာ Lilly က
“ကျွန်မအတွက်တော့ အဲဒီလူပါပဲ။(that guy)။ ပြီးတော့ သူ့ကိုသဘောကျပါတယ်။ သူကအောင်မြင်လာမယ့် ကလေးတစ်ယောက်ဖြစ်လာမှာပါ။ သူ့ပုံစံကအလေးအနက်ဖြစ်တဲ့အတွက် နောင်ကျရင် အောင်မြင်တဲ့ starတစ်ယောက်ဖြစ်လာပါ။” ဆိုပြီး ဆက်ပြောခဲ့ပါတယ်။
◼ Newton က Harry Stylesကဘယ်သူလဲဆိုတာသိလားလို့ ထပ်မေးခဲ့တဲ့အခါမှာ Liiyက
“မသိဘူး။ အရင်က Harry Styles မျက်နှာကိုလည်း တစ်ခါမှမမြင်ဘူးဘူး” လို့ဖြေခဲ့ပါတယ်။
◼ Harry Styles ဟာ Eternals ရုပ်ရှင်ရဲ့အဆုံး credit scene မှာ Thanos ရဲ့ညီ Strafoxအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။
Ref: Insider Entertainment
0 Comments