Thanos ဘက်ကရပ်တည်မယ်ဆိုတဲ့ ဒါရိုက်တာကြီး James Cameron
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။
◼ ၂၀၁၈ တုန်းက ရုံတင်ခဲ့တဲ့ MCU ရုပ်ရှင်တွေထဲက ၃ကားမြောက် Avengers ရုပ်ရှင် Avengers Infinity War ရဲ့အဆုံးပိုင်းမှာ Thanos က Infinity Stones တွေကိုအသုံးပြုပြီး Universe ထဲက သက်ရှိအားလုံးရဲ့တစ်ဝက်ကို ဖျောက်ပစ်လိုက်ပါတယ်။
◼ မကြာသေးခင်က နာမည်ကျော်ဒါရိုက်တာကြီးတစ်ယောက်ဖြစ်တဲ့ James Cameron နဲ့ Time မဂ္ဂဇင်းတို့ရဲ့ အင်တာဗျူးတစ်ခုမှာ James Cameron က Thanos ရဲ့ လုပ်ရပ်ကို လက်ခံကြောင်း ပြောလာပါတယ်။
"Thanos ကို ကျွန်တော် နားလည်ပေးလို့ရတယ်ဗျ။သူ့မှာတကယ််အလုပ်ဖြစ်နိုင်တဲ့ Plan ရှိခဲ့တယ်လို့တွေးမိတယ်။ ပြဿနာက ပျောက်သွားရမယ့်တစ်ဝက်ထဲပါသွားဖို့ ဘယ်သူကမှစဉ်းစားချင်ကြမှာမဟုတ်ဘူးလေ။"
◼ Avengers: Infinity War မှာ Thanos ဟာ စကြဝဠာရဲ့ရင်းမြစ်သုံးစွဲမှုပမာဏလျှော့ချရန်အတွက် Infinity Stone ၆ခုကိုအသုံးပြုပြီး စကြဝဠာရဲ့ သက်ရှိတစ်ဝက်ကိုလျှော့ချဖျောက်ဖျက်ပစ်ခဲ့တာပါ။
◼ Avengers: Infinity War ကို ဒါရိုက်တာ Joe Russo နဲ့ Anthony Russo တို့ ရိုက်ကူးပြီး MCU ဇာတ်ကောင်အများအပြားကိုထည့်သွင်းပြသခဲ့ပါတယ်။
ပုံစာ - James Cameron (ဝဲ)၊ Thanoa (ယာ)။
Ref: Internet
ကိုခွေး ရေးသည်။
0 Comments